မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{part2}U/Z

5K 107 1
                                    

🌸မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ🌸{Unicide}

{အခန်း၂}

"အာ့ ဖယ်စမ်း!..ဖယ်စမ်း ငါ့ကိုလွှတ်စမ်း သေနာ!!..."

ခွမ်း!!...

အာ့..

ဆွဲမိဆွဲရာဆွဲလိုက်ရာ လက်ထဲပါလာသည်ကပုလင်းတစ်လုံးဖြစ်နေရာ ထိုပုလင်းဖြင့်သူ့ခေါင်းအားထပ်ရိုက်ချပစ်လိုက်သည်။

"တောက်!!မင်း"

ထပ်၍သွေးထွက်သွားသည့်ခေါင်းကိုလက်ဖြင့်ဖိရင်းဒေါသတကြီးစိုက်ကြည့်မိတော့သူ့ကိုပြန်စိုက်ကြည့်နေသည့်မျက်ဝန်းတစ်စုံ ထိုမျက်ဝန်းတစ်စုံဟာအကြောက်လန့်ကင်းမဲ့နေပြီးနာကျည်းချက်များပြည့်နှက်နေသည်။

ဒေါက်...ဒေါက်...

"အကိုလေး!!..သခင်ကြီးရောက်နေပါတယ်"

"အေး အခုပဲလာခဲ့မယ်"

အပြင်ဘက်မှ တေဇအသံကြောင့်ချက်ချင်းပြန်ဖြေရင်းထိုင်နေရာမှ ထရပ်လိုက်သည်။

"မင်းခဏနေမှတွေ့မယ်"

သူမပါးနှစ်ဖက်ကိုဆွဲညှစ်ကာပြောရင်း သွေးထွက်နေသည့်နေရာများကိုသုတ်လိုက်ရင်း မမြင်ရအောင် ဆံပင်များဖြင့်အမြန်ဖုံးလိုက်ကာ အခန်းတွင်းမှထွက်ရန်ပြင်လိုက်သည်။

"အကိုလေးဆိုတဲ့ဟိုအကောင်!!..အယုတ်တမာကောင်"

အခန်းတံခါးဖွင့်ခါနီးအော်လိုက်သည့်သူမအသံကြောင့် ကမ်းရီချင်စိတ်ကိုထိန်းရင်းသူမဆီပြန်လျှောက်လာလိုက်ကာသူမမျက်နှာရဲ့အနီးဆုံးကိုတိုးကပ်လိုက်ကာခပ်တိုးတိုးပြောလိုက်သည်။

"ငါ့နာမည်ကဟိုအကောင်လဲမဟုတ်ဘူးအယုတ်တမာကောင်လဲမဟုတ်ဘူးမင်းမှတ်ထားလိုက်ငါ့နာမည် မိုးထိကမ်းနား"

"ထွီ...အောက်တန်းစား မိုးထိကမ်းနား!!..."

"အဟက်!!..."

တတွေးကိုထွေးထုတ်ရင်း ပြောနေပုံကတစ်ကယ်ကိုပင်အကြောက်လန့်မရှိပေ။ဒီလောက်ထိအကြောက်လန့်ကင်းမဲ့နေသည့်အမျိုးသမီးကို ကမ်း ဒီတစ်ခါပဲတွေ့ဖူးသေးသည်။သေနတ်ပြခြိမ်းခြောက်လဲမရ ဘယ်အရာနဲ့မှခြိမ်းခြောက်၍ မရသည်မို့ ဒီမိန်းကလေးကို ပိုစိတ်ဝင်စားခဲ့ခြင်းပင်။

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1}Where stories live. Discover now