မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Final Part}

4.2K 63 17
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}

{ဇာတ်သိမ်းပိုင်း}

ကမ်းနားသတိရလာသည့်အခါ သူ့လက်များကိုအပေါ်ထုပ်တန်းဖြင့်ချည်နှောင်ထားလေသည်။

"ဖွဲ့..."

သူ့မျက်စိရှေ့မှာတော့နောက်ပြန်ကြိုးတုပ်၍ဒူးထောက်ကာထိုင်နေသည့်ဖွဲ့ကိုရင်နာစွာသူတွေ့လိုက်ရသည်။

"သတိရလာပြီလား အဟွန့်"

ညုတုတုရီသံကနားထဲခါးသက်စွာဝင်ရောက်လာသည်။သူ ခေါင်းကိုအတင်းထောင်၍ ယူရီ့ကိုမီးတောက်မတတ်မျက်ဝန်းများဖြင့်စူးစိုက်ကြည့်လိုက်သည်။

"မင်းအခုချက်ချင်းဖွဲ့ကိုလွှတ်ပေးလိုက်စမ်းယူရီ"

"ဟွန့်..ဘာအတွက်လဲကမ်းနားရဲ့ မလွှတ်ပေးချင်ပါဘူး.."

"တောက်စ်!!...မင်း​ေ-သချင်လို့လား ယူရီ ငါ့ဒေါသဂိတ်ဆုံးမရောက်ခင်မင်းအခုချက်ချင်းလွှတ်ပေးလိုက်စမ်း..."

"အို!!...ကမ်းနားကဒေါသဖြစ်နေတာလား အဟင်း..ဒါဆိုလဲ ဒီ့ထက်ဒေါသဖြစ်အောင်ယူရီကဖန်တီးပေးရမှာပေါ့.."

ပြောရင်းဖြင့်ယူရီက သံတုတ်ကိုယူလိုက်ရင်း ဒူးထောက်ထိုင်နေသည့်ဖွဲ့၏အနောက်ဖက်မှအားဖြင့်လွှဲရို-က်ထည့်လိုက်သည်။

ဖြောင်း..!!..အာ့....

နာကျင်စွာအော်လိုက်သည့်ဖွဲ့အသံဟာသူ့အသည်းတွေကိုတစ်စစီဆွဲထုတ်နေသကဲ့သို့နာကျင်လှလေသည်။

မြေပြင်ပေါ်သို့လဲကျသွားသည့်ဖွဲ့ခန္ဓာကိုယ်ရဲ့နေရာအနှံ့အားသံတုတ်ဖြင့်အဆက်မပြက်ရို-က်နှက်နေသည့်ယူရီ့အားကြည့်ကာ ကမ်းနား၏ဒေါသများသည်အထွဋ်အထိပ်သို့ရောက်ရှိခဲ့ပေမယ့် သူဘာမှမတတ်နိုင်ခဲ့ပေ။

"ဖွဲ့..!!..ဖွဲ့ရာ.."

သနားလွန်း၍မျက်ရည်များပင်သူ့မျက်ဝန်းမှစီးကျလာသည်အထိသူနာကျင်မိပါသည်။

"မင်းအခုချက်ချင်း အွတ်!!...."

သူ့စကားမဆုံးခင်မှာပင်သူ့ဝမ်းဗိုက်အားအရှိန်ဖြင့်လွှဲရို-က်ခံလိုက်ရသည်မို့ စကားစများပြက်၍ အွတ်ခနဲပင်အသံထွက်သွားရသည်။ထပ်မံဝင်ရောက်လာသည့်ရို-က်ချက်များကိုသူဟာမည်သို့မှပင်မရှောင်နိုင်ခဲ့ပေ။သူ​ေ-သဆုံးရမည်ဆိုရင်တောင် ဖွဲ့အသက်ရှင်နေသည်ကိုတော့သူမြင်သွားချင်မိသည်။

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1}Dove le storie prendono vita. Scoprilo ora