Part-10

445 55 1
                                    

1နာရီကျော်ကျော်လောက်ကြာတော့ ငါတို့ချင်းမိုင်ကို
ရောက်ခဲ့ပြီ..။ ချင်းမိုင်ဘက်မှာရှိတဲ့ ကုမ္ပဏီက
ဝန်ထမ်းအချို့သည် ကားဖြင့်လာကြိုသည်ကြောင့်
ထိုကားနဲ့ပဲ တည်းခိုရမည့် ဟိုတယ်ကို သွားလိုက်သည်..။

ဟိုတယ်ကတော့ booking တင်ထားသည်က
ငါ့တစ်ယောက်ခန်းစာပဲမို့လို့ Gemအတွက်
အခန်းတစ်ခန်းထပ်ငှားရမည်..။

" တစ်ယောက်ခန်းတစ်ခန်းထပ်ရှိသေးလား.."

" အားနာပါတယ်အစ်ကို ညီမတို့မှာ အခန်းတွေ
ပြည့်‌နေလို့ပါ.."

" ဖြစ်နိုင်ရင် တစ်ခန်းထဲအိပ်လိုက်လို့ရမလား..
ညီမတို့ အိပ်ရာအပိုထပ်ထည့်ပေးပါ့မယ်.."

တစ်ခန်းထဲအိပ်ရမယ်တဲ့ ဘယ်လိုအခြေအနေမျိုးပါလဲ..
Gemဘက်က အဆင်ပြေရင်တောင် ငါ့ဘက်က
အဆင်မပြေနိုင်ပါ..တစ်ခန်းထဲသာနေရမယ်ဆိုရင်
ရှက်ပြီးသေမှာပဲ..။

" ရတယ်လေ အိပ်ရာအပိုထပ်ထည့်စရာမလိုဘူး.."

" Gem.. "

" ဘာဖြစ်လို့လဲ အချင်းချင်းပါဟာ.."

" အဆင်ပြေရဲ့လားရှင့်.."

" ပြေတယ် အခန်းတစ်ချက်လိုက်ပြပေး..."

" ဟုတ်ကဲ့ပါ ဒီဘက်ကိုလာပါနော်.."

ငါပင်ဘာမှတောင်မပြောရသေးပါ Gemကပဲ ဦးဆောင်ပြီး အကုန်လုံးပြောသွားသည်..။ တစ်ခန်း‌ထဲနေရမှာတဲ့
ဘယ်လိုလုပ်မလဲ တစ်ကုတင်ထဲမှာလေ..ငါဘယ်လို
ရင်ဆိုင်ရပါမလဲ..တစ်ပတ်လုံးကိုလေ.."

" ဒီအခန်းပါရှင့် လိုတာရှိရင် ဖုန်းဆက်လို့ရပါတယ်.."

" အင်း.."

အခန်းထဲဝင်ကြည့်လိုက်တော့ king size bed ကုတင်
ဖြစ်တာကြောင့် လူနှစ်ယောက်အိပ်ဖို့ သင့်တော်နေပြီ..
ကုတင်ထပ်ယူစရာမလိုဘူးမလား..

" တူတူအိပ်မယ်လေ ရတယ်မလား.."

" ဟမ်...ရတယ်.."

မရဘူးဟု စိတ်ထဲကပြောနေပေမယ့်လဲ
တကယ်ပြောမိသွားတာက ရတယ်ဟူပင်..။

" ဘယ်သွားစရာရှိလဲ.."

" နေ့လည်စာ စားပြီးရင် hotel ဆောက်မဲ့နေရာ
သွားကြည့်ရမယ်.."

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now