Part-23

355 56 9
                                    

နေ့လည်ထဲက ငါဘာမှစားလို့မဝင်ဘူး ဖြစ်နေတယ်
အခုအလုပ်ဆင်းတဲ့အချိန်ထိကိုနေလို့မကောင်းဘူး
ဖြစ်နေတယ်..။ ဆေးသောက်ထားပေးမယ့်လည်း
မသက်သာသလိုပဲ အခုအပြန် ဆေးခန်းဝင်
ကြည့်ရင် ကောင်းမလား..။

ပစ္စည်းတွေသိမ်းနေရင်းပင် မောင့်ဆီကနေ
ဖုန်းခေါ်လာခဲ့တယ်..။ မောင်အောက်မှာ
ရောက်ပြီ ထင်တယ်..။

"မောင်ရောက်ပြီနော်.."

" အွန်းလာခဲ့မယ်.."

သိမ်းစရာရှိတဲ့အရာတွေကို ခပ်မြန်မြန်ပင်
သိမ်းပြီးတော့ အောက်ကို ဆင်းလာခဲ့လိုက်သည်..။
မောင်သည် ထုံးစံတိုင်း အနက်ရောင်အဝတ်အစား
ဖြင့် ကားကိုမှီကာ ကားသော့ကို လှည့်ဆော့ရင်း
စောင့်နေသည်..။

" မောင် လမ်းမှာဆေးခန်းဝင်ရအောင်
ငါနေလို့သိပ်မကောင်းလို့.."

မောင့်လက်တွေသည် ချက်ချင်း နဖူးပေါ်
ရောက်လာပြီ ကိုယ်အပူချိန်အား တိုင်းတာလေသည်..။

" ကိုယ်လဲမပူပါဘူး ဘာစားထားသေးလဲ.."

" ဟင့်အင်းမောင် ငါသိပ်ပြီး စားမဝင်ဘူး.."

" သွားမယ် ဆေးခန်းကို.."

ကုမ္ပဏီကနေ ဆေးခန်းကို ကားဖြင့် အမြန်မောင်းလာခဲ့ပြီး
ဘယ်လောက်မျှ မကြာပါ ဆေးခန်းကို ရောက်ရှိလာသည်..။

"ဒီမှာနေခဲ့နော်မောင်.."

" ဟင့်အင်းလိုက်မယ်.."

" နေခဲ့ပါမောင်ရယ် ပြီးရင် ပြန်ပြောပါမယ်နော်.."

တကယ်လို့ ရောဂါတွေဘာတွေ ရှိနေခဲ့မယ်ဆိုရင်
မောင့်ကို မသိစေချင်တာကြောင့် နေခဲ့ခိုင်းရတယ်..။
ဒါတောင် ထိုကလေးက ထပ်ငြင်းပြီး လိုက်ချင်သေးသည်..။

စစ်ဆေးရမည့် အခန်းထဲရောက်တော့ ဒေါက်တာသည်
လိုအပ်သည့် အရာတွေကို မေးမြန်းနေသည်..။

" ထူးခြားတာမျိုးရောရှိလား.."

" ဒီနေ့ နေ့လည်တုန်းက ရုတ်တရက် ပျို့အန်လာတယ်
ပြီးတော့ နေလို့သိပ်မကောင်းပဲ ကိုယ်တွေလက်တွေ
ကိုက်ခဲနေတာ.."

ဒေါက်တာသည် အခန်းထဲမှာရှိသည့် ဗီရိုထဲကနေ
ပစ္စည်းတစ်ခုခုကိုယူပြီး ပြန်လာခဲ့သည်..။
ထို့နောက်အဲ့အရာကို ငါ့လက်ထဲထည့်ပေးသည်..။
ထိုအရာက ဆီးစစ်တံပင်..။ ငါကဒါကို ဘာလုပ်ရမှာလဲ..။

Sᴛʀᴀᴡʙᴇʀʀʏ ᴀɴᴅ Cɪɢᴀʀᴇᴛᴛᴇs { COMPLETED}Where stories live. Discover now