Episode-1 (Ominous Dreams)

30 1 0
                                    



အနိဌာရုံ...မှန်ပေသည်... ဤအနိဌာရုံမြင်ကွင်းတစ်ချို့အား အကြိမ်ကြိမ်မြင်ဖူးကာ ရင်းနှီးကျွမ်းဝင်နေသည်ဟုသူထင်မြင်မိသည်။ လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည့်အရာအား ကြည့်လိုက်တော့ သွေးများစေးထန်းနေသည့် ဓါးလက်ကိုင်ရိုးတစ်ခု။

ဓါးအသွားမှာ ငှက်တစ်ကောင်၏အတောင်ပံကဲ့သို့ အဖျားထို့ ကားထွက်ကော့ညွတ်နေပြီး ငှင်း ဓါး၏ဓါးသွားပေါ်တွင် ဗမာအက္ခာရာများဖြင်းထွင်းထုထားသော စာတန်းတစ်ချို့။ ဓါးနောင့်တွင် ဘီလူးတစ်ကောင်က သန်လျက်အားကိုင်ကာ ဦးမော့၍ကနေဟန်ကို လက်ရာသေသပ်ကျနစွာ ထွင်းထုထားသည်မှာ လွန်စွာ အသက်ဝင်လှပေ၏။

သူ၏ရှေ့တွင်လူတစ်ဦးအား ဒူးထောက်လျက် တစ်စုံတစ်ခုသော ဒေါဖြင့် မာန်ဖြင့်ကျိန်းဝါး ရေရွတ်နေသည်ကို ခပ်ရေးရေးတွေ့ရလေသည်။ သို့သော် ခပ်ရေးရေး ဆိုရုံမျှသာ....

"သတ်လေ... ခုတ်လိုက်စမ်း... မင်းတို့လိုမိစ္ဆာတွေသတ်လို့ငါက သေမယ်ထင်လား... သေမယ်ထင်လား ...ဟက် ဟား ဟား"

ထိုသူကကျယ်လောင်စွာရယ်မောမြည်တမ်းရင်း မိမိအား လှောင်ပြောင်နေသည်လား၊ သို့တည်းမဟုတ် စိတ်ပျက်စရာလောကကြီးအား လှောင်ပြောင်ရယ်မောပစ်နေသည်လား၊ တိုင်တည်ကျိန်ဆဲနေသည်လားထိုသူပင်သိပေလိမ့်မည်။

"ကဲ သတ်.... ပိုင်းလေကွာ မအေလိုးရ မင့်မေကလွှား လက်ကတုန်နေသေးတယ် ဒါနဲ့များ နယ်ချဲ့တဲ့ နေမဝင်တဲ့ ဟားဟား... အဟွတ် ဟွတ်...အဟက်... ငါလီး လက်နက်အားကိုးတဲ့ ကောင်တွေ... "

ထိုသူမှာ ဒဏ်ရာများလည်းရထားဟန်တူသည်၊။မောဟိုက်ပင်ပန်းနွယ်းနယ်နေပုံရ၏။ ထိုသူ၏မောဟနှင့် ဒေါသတို့က အနှီပုဂ္ဂိုလ်အား ပို၍ပင်ပန်းစေသည်ဟု ထင်မြင်မိရသည်။

ထိုစဉ်မှာပင် တစ်စုံတစ်ဦး၏ အမိန့်ပေးသံဆန်သည့် နှုတ်ထွက်စကား တစ်ခွန်းအား အလိုအလျောက်လိုက်နာမိလျက်သားဖြစ်သွားလေရာ.... လက်ထဲတွင်ကိုင်ထားသော ဓါးအား ဓါးရိုးမှကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက်  ထိုအသံ၏ခိုင်းစေညွှန်ကြားမှုအား ဆောင်ရွက်မိသွားရလေတော့သည်။

"The Call Of Sakura" Where stories live. Discover now