Episode -2 (The calling)

3 1 0
                                    




သူမနေထိုင်ရာShoto မှ "ဆုမှီ" ၏စာအုပ်မိတ်ဆက်ပွဲဖြစ်သော  Akihabara သို့ မိနစ်အစိတ်ခန့်မောင်းနှင်ရပေမည်။ Yamate-Dori ရိပ်သာလမ်းမကြီးကိုရွေးချယ်၍ ထောင်တက်သွားရန်ရွေးချယ်လိုက်သည်။

"ဟဲ့ ဟဲ့ ဟာနာကို (Hanako) ခဏလေး ခဏလေး... ငါ အန်တီ ခူးခု တို့ဆိုင်မှာ ရာမန်(Ramen) မှာထားလို့ ရပ်ပေးဦး"

အလောတကြီးသူမအားလောဆော်ပြီး ယခုပင်အချိန်ကိုဖဲ့သုံးနေသော ဆုမှီအား မျက်မှောင်ကြုံ့၍ပြုံးတုံ့တုံ့ကြည့်ပြီး အန်တီခူးခုတို့ဆိုင်ရှေ့တွင်ကားရပ်ပေးလိုက်သည်။ ထို့နောက်ဆုမှီအား စသလိုဖြင့်...

"ဟိတ်.. အချိန်ကမြားတစ်စင်းလိုပဲနော် "
ဂျပန်ရိုးရာစကားပုံပင်။

(ကျွနုပ်တို့မြန်မာတွင်မူ အချိန်နှင့်ဒိီရေသည် လူကိုမစောင့် ဆိုသော စကားနှင့်တူပါသည်)

ဆုမှီက စကားများတတ်သည့်သူမ၏ထုံးစံအတိုင်း

"အံမယ်လေး...ရှင်ပဲစာရေးဆရာမလုပ်တော့ ဆာကူရာစံရေ... ကျွန်မကတော့ ဒီ Ramenမှမစားရရင် သေပါတော့မယ်တော်"

ထိုသို့ပြောပြီး လက်ဖဝါးတစ်ဖက်အား မေးစေ့အောက်ထား၍ မျက်လုံးပြူးပြကာ ဂါဝန်တဖားဖားနှင့်ဆိုင်ထဲဝင်သွားလေတော့သည်။

"ခစ် ခစ် ... ဆုမှီကတကယ် ငပြောင်အကျင့်မပျောက်ဘူး "

သူမရယ်သွမ်းသွေးရင် သူငယ်ချင်းဖြစ်သူ နောက်ကျောပြင်အားငေးရင်း သူမတို့ခင်မင်ခဲ့ကြပုံကိုပြန်လည်တွေးတောမိ၏။

သူမတက်ခဲ့သော တိုကျိုဂါကူဂဲ  (Tokyo Gakugei University) ၏ သူမတို့ Batch တွင် ထိုနှစ်ကမြန်မာအတော်များလေရာ ဆုမှီတို့လည်းအပါအဝင်ဖြစ်သည်။ ထို့ပြင်ဆုမှီမှာ ဂျပန်တွင်မမွေးတာတစ်ခုပင်။ ဆုမှီမူလတန်းတက်စကပင် ဂျပန်သို့ပြောင်းရွှေ့လာပြီး Shibuya အထက်တန်းကျောင်းကတည်းကခင်မင်ခဲ့လေသည်။

ဆုမှီနှင့်ခင်မင်ခဲ့သောအချိန်မှစ၍ မြန်မာ့ရိုးရာပုံပြင်များနားထောင်ရင်း မြန်မာနိုင်ငံအကြောင်းကိုစိတ်ဝင်စားခဲ့သည်။ မြန်မာရာဇဝင်သမိုင်းများကို နှစ်ခြိုက်စွဲလန်းခဲ့သည်။

"The Call Of Sakura" Место, где живут истории. Откройте их для себя