part (08)

2.1K 90 2
                                    

ခန်းစက်တော်ဆောင်တွင်းက အရှင့်ရဲ့ အကျဉ်းသား
အပိုင်း(၈)
ပါတီပွဲကို သိပ်မကြာခင် ဂျက်ဆီလည်း ရောက်လာသည်။တစ်ခြား မိတ်ဆွေတွေဆီက သတင်းကြားလာသည်ထင်သည်။
ဝိုင်ခွက်ကိုကိုင်ကာ ကျွန်တော့် အနား သို့ လာရပ်သည်။
ဟိုဟို၊ဒီဒီ ကြည့်ကာ ကျွန်တော့် ကို လူရှင်းသည့် အခန်းတစ်ခန်းထဲသို့ ဆွဲခေါ်သွားလေသည်။

"အစောက ဖီးလစ် အနိုင်ကျင့်ခံရလို့ ဆို"

"ငါ့ အမှားပါကွာ။
သူ့ကို ဝိုင်ငှဲ့ပေးဖို့ မခိုင်းသင့်ဘူး။"

"ဒီလို ဖြစ်မယ်လို့ မင်းလည်း ဘယ်ထင်ပါ့မလဲ?
ဒါနဲ့
အန်တီ ဘယ်ဝါရင်းရော ရိပ်မိသွားလား"?

ဂျက်ဆီ့ မေးခွန်းကြောင့် စိတ်ထဲ ထင့်သွားသည်။အမေကတော့ ခုထိ ပုံမှန်ပါပဲ ပါတီပွဲထဲမှာပဲ ဝိုင်ခွက်လေး ကိုင်ကာ သူနှင့် ရင်းနှီးခဲ့သည့် မိတ်ဆွေ တွေနှင့် စကားစမြည် ပြောဆိုနေတာပဲ။

"မပြောတတ်ဘူး။
ခုတော့ အမေ့ပုံစံက မင်းမြင်တဲ့ အတိုင်းပဲ။ပုံမှန်ပဲလေ"

ဂျက်ဆီက ဝိုင်အနည်းငယ်ကို အရသာခံကာ သောက်နေသည်။ပြီးမှ သူ့မျက်နှာကို မဲ့လိုက်ကာ ဆက်ပြောသည်။

"ငါတော့ အိမ်ထောင်ပြုရတော့မယ် ထင်တယ်ကွ"

"ဟေ။မင်း အဆင်ပြေပါ့မလား ဂျက်ဆီ"

ဂျက်ဆီ့ကို ကြည့်ရသည်မှာ စိတ်အိုက်နေဟန်ရှိသည်။သူ့အိမ်က ဖိအားပေးတာကြောင့်သာ အိမ်ထောင်ပြုရသည်ကို ကျွန်တော်လည်း ရိပ်မိသည်။

တစ်ချိန်ချိန်မှာ ဒီလို အဖြစ်အပျက်မျိုးကို မလွှဲသာ၊မရှောင်သာ ကြုံတွေ့ရမည်ကိုလည်း ကျွန်တော်တို့ သိပြီးသား ဖြစ်သည်။

"ဟူး
ဘယ်အဆင်ပြေပါ့မလဲကွာ။
မင်းလည်း သိတဲ့ အတိုင်းပဲ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ ငါတို့အတွက်တော့ ဘာဆွဲဆောင်မှုမှ ရှိမနေဘူး ငါ့ကောင်"

သူ့စကား အမှန်ပင်။
မှန်လွန်းလို့ ကျွန်တော့်မှာ ကယောင်ချောက်ခြား ဖြစ်ကာ ဝိုင်တွေကို ရေသောက်သလို မော့သောက်ပစ်လိုက်မိသည်။လည်ချောင်းတွေ ချောက်နေတာကြောင့်လည်း ပါသည်။

ခန်းစက်တော်‌ေဆာင်တွင်းက အရှင့်ရဲ့ အကျဉ်းသားTempat cerita menjadi hidup. Temukan sekarang