part (21)

1.1K 51 0
                                    

အပိုင်း(၂၁)
ပန်းအိုးတွေ လှလှလေး ထိုးပြီးနောက် သခင်မ၏ အခန်းထဲ၌ သူ့နေရာ‌နှင့် သူ ပန်းအိုးလေးတွေ  ကို နေရာချထားပေးခဲ့သည်။

ပြီးလည်း ပြီးရော ကျွန်တော့်မှာ အနားယူဖို့ မတွေးအားပဲ အရှင် အက်ဘယ်ဝါရင်း၏ အခန်းဆီသို့ တက်လာခဲ့လေသည်။

"အရှင်
အရှင်
တံခါးဖွင့်ပါအုံးဗျ"

စိတ်သာ ကောက်သွားတာရယ် တံခါးခေါက်ပြီး တံခါးဖွင့်ခိုင်းတော့ အရှင်အက်ဘယ်ဝါရင်းက ချက်ချင်းပင် တံခါး ကို ဖွင့်ပေးလေသည်။

တံခါးကို ဆတ်ကနဲ ဖွင့်ပေးကာ သူကတော့ ကုတင်အစွန်းပေါ်၌ သွားထိုင်ပြီးမျက်နှာကြီးကိုလည်း စူပုတ်ထားလေသည်။

ကျွန်တော်လည်း အရှင်အက်ဘယ်ဝါရင်း၏ နံဘေးမှာ ကပ်ထိုင်ကာ အရှင်အက်ဘယ်ဝါရင်း၏ ပခုံးလေးကို မှီချလိုက်သည်။

"ဘာဖြစ်လို့ မင်းရဲ့ အနာဂတ် တွေမှာ ကိုယ်က မပါရတာလဲ?။
မင်း ကိုယ့်ကို တစ်ကယ်ရော ချစ်ရဲ့လား ဟင်? ဖီးလက်"

"အဟင်း"

"ဖြေပါအုံး"

"ကျွန်တော့်ရဲ့ အနာဂတ်တွေမှာ အရှင်က ဘာလို့ မပါရမှာလဲ?
တစ်ကယ်လို့သာ
ကျွန်တော် ကျွန်ဘဝက လွတ်မြောက်သွားရင် ကျွန်တော့်နိုင်ငံကိုတော့ ပြန်ရမယ်လေ အရှင်ရဲ့"

"အင်း
ဘာလို့လဲ"?

"ကျွန်တော့် မိသားစုကို ပြန်သွားကြည့်ချင်တယ်။
သူတို့တွေ နေလို့ ကောင်းရဲ့လား?
အသက်ရှင်လျှက် ရှိသေးလား?
သိချင်လို့လေ"

"အွန်း
ကျောင်းပြန်တက္မယ် ဆိုတာကရော"

"တစ်ကယ်ဆို ကျွန်တော့် အတွက် တက္ကသိုလ် ကျောင်းသား ဘဝဆိုတာ အလှောင်ခံရမယ့် အရာပဲ။
အသက်ကြီးနေပြီ ခုမှ ကျောင်းစ,တက်မှာလား လို့ မေးကြမှာလေ။
ဒါပေမယ့် ကျွန်တော့် အတွက်တော့ မရှက်နိုင်တော့ဘူး"

"ဘာလို့လဲ?"

"ကျွန်တော်ချစ်ရတဲ့ အမျိုးကောင်းသားလေးဟာ ဘွဲ့ထူး ဂုဏ်ထူးတွေ အပြည့်နဲ့၊စီးပွာရေး လုပ်ငန်း ရှင်လည်း ဖြစ်သေးတယ်။
ဒီတော့ သူ ကျွန်တော့်ကြောင့် ဂုဏ်မငယ်ရအောင်လို့ ကျွန်တော် ကြိုးစားချင်တာပါ"

ခန်းစက်တော်‌ေဆာင်တွင်းက အရှင့်ရဲ့ အကျဉ်းသားWhere stories live. Discover now