"ထယ်ဆန်း ကင်အီဟန်ရန်ဖြစ်လို့တဲ့"
ထယ်ဆန်းဖတ်နေသောစာအုပ်ကို ချကာချက်ချင်းမတပ်ရပ်မိလိုက်သည်။
"ဘယ်မှာဖြစ်တာလဲ"
"ဘောလုံးကွင်းမှာ"
ထယ်ဆန်းလာပြောသောကောင်လေးကို ပြန်မေးလိုက်ကာ ဘောလုံးကွင်းကို ပြေးသွားမိသည်။
ထယ်ဆန်း အီဟန်နဲ့သိလာတဲ့ရှစ်နှစ်သာအတောအတွင်းမှာ အီဟန်ကရန်ဖြစ်ဖို့မပြောနဲ့ သူ့ကိုအနိုင်ကျင့်တဲ့ကောင်တွေကိုတောင် ဘာမှပြန်မလုပ်ခဲ့ဘူး။အခုအီဟန်ကိုရန်ဖြစ်စေသည့် အကြောင်းရင်မှာဘာများလဲ
"ခွေးကောင် နောက်ခါမင်းအဲ့စကားထပ်ပြောရင် မင်းကိုငါတစ်စစီဖြစ်အောင်လုပ်ပစ်မယ်"
အီဟန်မှာ သူ့အောက်ကကောင်ကိုထိုးကာအော်ပြောလိုက်သည်။
"အီဟန်"
"ကင်အီဟန်"
ထယ်ဆန်းခေါ်နေတာကိုတောင်မကြားဘဲ သူ့အောက်ကလူကိုထိုးဖို့သာ အာရုံရှိနေတဲ့အီဟန်ကို သွေးစို့နေတဲ့ အီဟန်လက်ကိုကိုင်ကာ လူရှင်းသည့်နေရာကိုဆွဲခေါ်လာခဲ့လိုက်တော့သည်။
"အီဟန် မင်းဘာလို့ရန်ဖြစ်ရတာလဲ"
"ငါ့ဘာငါရန်ဖြစ်တာ မင်းနဲ့ဘာဆိုင်လို့လဲ"
အီဟန်သူ့အနက်ရောင်uniform ပေါ်မှအနည်းငယ်ပေးနေသောဖုန်ကိုခါကာ ထယ်ဆန်းကိုပြန်ပြောလိုက်သည်။
"မင်းမပြောချင်လဲ ထားလိုက်တော့ အရင်ဆုံးလက်ကိုဆေးထည့်ရမယ်"
"ငါ့ကိုငါဂရုစိုက်နိုင်တယ် ထယ်ဆန်းမင်းလုပ်ပေးစရာမလိုဘူး"
ပြောပြီးအီဟန် ထယ်ဆန်းရှေ့ကနေထွက်လာခဲ့လိုက်သည်။သူရန်ဖြစ်ရသည့်အကြောင်းအရင်းမှာ ထယ်ဆန်းကြောင့်ပဲ အဲ့ကောင်ကထယ်ဆန်းကို သူ့ကောင်မလေးနဲ့ဖောက်ပြန်နေပါတယ်ဆိုပြီး ဘောလုံးကွင်းမှာပြောတာကို အီဟန်ကကြားပြီး ရန်ဖြစ်ခဲ့တာ။ ဟုတ်ပါတယ် အီဟန်ကထယ်ဆန်းကိုချစ်နေတာပါ။ အီဟန်အသက်ဆယ်နှစ်တုံးက မိဘမဲ့ကျောင်းမှာ တစ်ယောက်ထဲ ဘယ်သူနဲ့မှမဆော့ပဲထိုင်နေခဲ့ချိန် ထယ်ဆန်းကသူ့အကြောင်းကိုစပ်စပ်စုစုမေးရင် သူငယ်ချင်းလုပ်ရအောင်လို့ပြောခဲ့တာ အဲ့လိုနဲ့ ထယ်ဆန်းနဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ရတာ။ အချိန်တွေနောက်ပြန်ဆုတ်လို့ရရင်ကောင်းမယ် ဒါဆိုအဲ့တုံးက သူ့ကိုသူငယ်ချင်းလုပ်ရအောင်လို့ ပြောခဲ့တဲ့ ထယ်ဆန်းရဲ့စကားကိုအီဟန်ငြင်းမိမှာ ခုတော့သူငယ်ချင်းဆိုတဲ့ဆက်ဆံရေးတစ်ခုမှာ သူတို့ကနောက်ဆုတ်လို့လဲမရ ရှေ့ဆက်တိုးလို့လဲမရအောင်ပိတ်မိနေရပြီ။အီဟန်ကရှစ်နှစ်သာ အချိန်တွင်းမှာထယ်ဆန်းတစ်ယောက်တည်းကိုပဲငေးကြည့်နေခဲ့တာ ထယ်ဆန်းတစ်ယောက်ထဲကိုပဲ အခုတော့အဲ့မျက်နှာချောချောလေးကိုတောင် အီဟန်မကြည့်ချင်တော့ဘူး ငြီးငွေ့သွားလို့မဟုတ်ဘူး ထယ်ဆန်းကိုမြင်နေရရင် ပိုင်ဆိုင်ချင်စိတ်တွေပိုတိုးလာမှာဆိုလို့ ဘယ်တော့မှသူမပိုင်ဆိုင်ရမဲ့သူကိုလေ။
Can't we never be lovers?