"အစ်ကိုဂျယ်ဟျွန်း ကျွန်တော်အီဟန်ကို ဖွင့်ပြောလိုက်ရင် ကောင်းမလား"
ထယ်ဆန်းသူ့အိမ်ကိုအလည်လာတဲ့ တစ်ဝမ်းကွဲအစ်ကိုဖြစ်သူ ဂျယ်ဟျွန်းကိုပြောလိုက်မိသည်။သူအီဟန်ကို ကြိုက်နေတာ အစ်ကိုဂျယ်ဟျွန်းပဲသိတယ် ငယ်ငယ်လေးတည်းက အီဟန်အကြောင်းတွေကို အစ်ကိုဂျယ်ဟျွန်းကိုအမြဲပြောပြနေကျဆိုတော့ ဂျယ်ဟျွန်က အီဟန်ကိုသေချာမမြင်ဖူးတောင် လူကိုတော့တော်တော်လေးရင်နှီးနေပြီ။
"မင်းကဖွင့်ပြောရဲတယ်ပေါ့ မင်းအရင်တုံးကလဲ ဖွင့်ပြောမယ်ဆိုပြီ တခါမှဖွင့်မပြောဘူးလေ"
"အာ အဲ့တာကတော့ အစ်ကိုဂျယ်ဟျွန်းကလည်း ကျွန်တောင်အီဟန်ကိုမြင်ရင် ပြောစရာစကားတွေပျောက်ပြီး ဘယ်ကစပြောရမှန်းမသိလို့လေ"
"ထားပါ ဖွင့်ပြောမယ်ဆိုလဲ ဖွင့်ပြောတော့"
_________________________
အီဟန်ကိုဖွင့်ပြောမယ်ဆိုပြီ ဆုံးဖြတ်လိုက်တဲ့နေ့ ဖွင့်ပြောတာကိုနေ့ကောင်းနေ့မြတ်လေး ရွေးသင့်လားဆိုတာကိုတော့ ထယ်ဆန်းမသိ။ဒီတိုင်းသူနဲ့အီဟန်နဲ့က အချိန်ကြားကြီးအတူရှိလာတာမို့ သူတို့အတွက်အထူးနေ့ရက်မျိုးမရှိ နေ့ရက်တိုင်းကို နှစ်ယောက်အတူယှဉ်တွဲပြီး ဖြတ်တန်းလာတာမို့ သူတို့နှစ်ယောက်ကြားဘယ်အရာမျိုးကမှ အထူးတလဲပြောင်းလဲမသွား။
ကျောင်းရောက်တော့ ထယ်ဆန်း အီဟန်ကိုရှားမိသည် အရှေ့တန်းရဲ့ ဒုတိယခုံကိုကြည့်လိုက်တော့ အီဟန်ရဲ့လွယ်အိတ်ကိုတွေ့သည် လူကိုတော့မတွေ့မိ။
ကျောင်းခန်းထဲမှာလည်း ဘယ်သူမှမရှိတာကြောင့် အီဟန်ဘယ်သွားလဲဆိုတာမေးစရာလူလည်းမရှိ နောက်ဆုံးတော့ ထယ်ဆန်းအပြင်ထွက်ရှားဖို့လုပ်
"ထယ်ဆန်း"
အခန်းထဲဝင်လာပြီ သူနာမည်ကိုခေါ်လိုက်တဲ့ အီဟန်အသံကသိပ်တော့ကောင်းပုံမပေါ်
"အွန်း အီဟန်ငါမင်းကို လိုက်ရှားနေတာ ပြောစရာရှိလို့"
" ငါလည်းပြောစရာရှိတယ် ထယ်ဆန်း"
ငါအရင်ပြောမယ်လို့ ထယ်ဆန်းပြောခဲ့သင့်လား
"မင်းအရင်ပြော"