အလိမ္မာတုံးလေး ငယ်ငယ်

467 45 3
                                    

ငယ်ငယ်ဟာ သူ့ဝမ်းဗိုက်ထဲ လိပ်ပြာတွေ တဖြတ်ဖြတ်လွန့်လူးသွားသလို ခံစားရအောင် လုပ်နိုင်သလိုမျိုး...

သူ့ကို ရင်တထိတ်ထိတ်နဲ့ နှလုံးရောဂါရမတတ်လည်း စိတ်ပူစေတတ်ပါသေးတယ်။

အဲ့ဒီနေ့က ငယ်ငယ့် ကျောပိုးအိတ်ထဲမှာ ရည်းစားစာ တစ်စောင်ကို ရှာတွေ့ခဲ့တဲ့နေ့။

သူ့ခေါင်းပေါ် မိုးကြိုးအစင်းတစ်ရာလောက် ပစ်ချလိုက်သလိုပဲ။

"သို့...အစ်ကိုSoonyoung  ♡︎" ဆိုပြီး နာမည်တပ်ထားတဲ့ ပန်းရောင်စာရွက်လေးကို သူမုန့်ထည့်ပေးနေကျ နေရာဖြစ်တဲ့ ကျောပိုးအိတ်ဘေး, အိတ်ကပ်သေးသေးလေးထဲမှာ ဖွက်ထားခဲ့တာ ဖြစ်တယ်။

ထိုရည်းစားစာ ရ,ထားတာ ဘယ်လောက်ကြာပြီရယ်မသိ။ သူ့အိမ်မှာ ငယ်ငယ် စာလာကျက်တုန်း ငယ်ငယ့်မှာ မုန့်မရှိတော့ရင် ထပ်ထည့်ထားပေးရအောင် စစ်ပေးရင်းနဲ့မှ သူ့မှာ မထင်မှတ်ပဲ ရှာတွေ့ခဲ့တာ။

"ငယ်ငယ်....ဒါဘာလဲ!" လို့ ငယ်ငယ့် ရှေ့တည့်တည့် အဲ့ဒီ ရည်းစားစာကို ထောင်ပြပြီး မေးတုန်းက သိပ်လန့်သွားခဲ့တဲ့ ငယ်ငယ့်ရုပ်လေးကို အခုထိ မေ့လို့မရခဲ့။

သူ့ရင်ဘတ်ထဲလည်း တော်တော်ကြီး အောင့်သက်သက် ခံစားသွားရတာ ဖြစ်တယ်။

ငယ်ငယ်က သူ့ကို ဖုံးကွယ်ထားချင်တာပဲ...။

သူ့ပန်းသီးလေးက သူ့ကို မပွင့်လင်းတော့ဘူး...။

သူ့ပန်းသီးလေးမှာ သူ့ကို မသိစေချင်တဲ့ အကြောင်းအရာတွေ ရှိနေခဲ့ပြီ...။

သူ့ဘက်က ဘာများ လိုအပ်ခဲ့လို့ ငယ်ငယ်ဟာ အခုလိုမျိုး စိမ်းစိမ်းကားကား ဆက်ဆံရသလဲ...။

"ငယ်ငယ်...ကိုကို မေးရင် ဖြေရတယ်လေ။ ဒါ ဘာလဲ!!"

"ရည်း...ရည်းစားစာ ကိုကို"

"ရည်းစားစာမှန်းတော့ ကိုကို သိတာပေါ့!"

"ဘာလို့ အဲ့ရည်းစားစာက ငယ်ငယ့်ဆီမှာ ရှိနေရတာလဲ!"

"ဘာကြောင့် ငယ်ငယ်က သိမ်းထားသလဲ!"

"ဘာကြောင့် ကိုကိုက အဲ့ကိစ္စကို အခုမှ သိရသလဲ!"

ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်Where stories live. Discover now