အပိုင်း (၉) Unicode

701 103 2
                                    

တစ်မိနစ်ပဲဖက်ထားမယ်လို့ပြောပြီး ဟာအိုရင်ဘတ်တွေ
အောင့်လာတဲ့အထိမလွှတ်သေးတဲ့ ဟန်ဘင်းကြောင့်
ရင်ဘတ်တွေအောင့်လာပြီဖြစ်တဲ့အကြောင်း
ပြောပြီ အပြင်ကိုထွက်လာတော့ ဟာအိုရဲ့
ခေါင်မိုးထပ်ပေါ်မှာ ဘယ်ကဘယ်လိုလမ်းမှားလာမှန်းမသိ
တဲ့ လီအိမ်တော်အမျိုးသမီးထုကြီးကရောက်ရှိနေ၏။

"အားလုံး ဘာကိစ္စရှိလို့လဲ ?"

"အမယ်လေး ပြိုပဲကျတော့မယ့် ခေါင်မိုးထပ်မှာ
နေနေရတာတောင်မှ လေသံကမာလိုက်တာ
ငါတို့ကရော လာချင်တယ်များထင်နေလား ၊
နောက်တစ်ပတ်ကျရင် အဖေ့မွေးနေ့ရှိလို့ လူစုံတက်စုံ
မွေးနေ့ပွဲတက်ရမယ် အဲ့တာကြောင့်လာခေါ်တာ "

ထုံးစံအတိုင်း ဟာအိုနဲ့စကားဒိုင်ခံပြောတာကတော့
အငယ်ဆုံးဒေါ်လေးပဲပေါ့

"ဘာပဲဖြစ်ဖြစ် အဲ့ပွဲကိုကျွန်တော်တို့မလာနိုင်ပါဘူး
အားလုံးပဲပြန်လိုက်ကြပါတော့ ဟန်ဘင်းထွက်မလာခင်"

"ငါတို့က ကိုယ့်တူကိုယ်လာခေါ်တာလေ နင်နဲ့ဘာဆိုင်လို့
ဝင်ပြောနေတာလဲ "

"ဒီမှာဗျ ကျွန်တော်တို့ကို လီအိမ်တော်ကိုဘယ်တော့မှ
ပြန်မလာဖို့ပြောခဲ့တာကို ကျွန်တော့်နားနဲ့ဆက်ဆက်ကြား
ခဲ့တာပါ အခုမှ ဘာအကြောင်းနဲ့ အိမ်ပြန်လာဖို့
လာခေါ်နေလဲဆိုတာမသိပေမယ့် မလိုက်နိုင်ပါဘူး ။
ပြီးတော့ ဟန်ဘင်းက ကျွန်တော့်ယောကျာ်းမလို့
ဟန်ဘင်းရဲ့ကိစ္စက ကျွန်တော်နဲ့လုံးဝသက်ဆိုင်တယ် "

ပြောပြီး ဟာအိုက လှည့်ထွက်သွားကာ တစ်ခုခုကိုသွားယူနေသည်။

"မမဒီအတိုင်းငြိမ်မနေပဲတစ်ခုခုဝင်ပြောပါဦး
နေ...နေပါဦး ..ဒီရေတွေက ဘယ်က ? အား...!"

ရေတွေကျလာရတဲ့အဓိကလက်သည်ကကျန်းဟာအိုပါပေ။
ခုနကစကားပြောနေရင်းထွက်သွားပြီးတော့ သွားယူနေခဲ့တာကရေပိုက်ဖြစ်နေခဲ့သည်။ဟာအိုသည်ရေပိုက်ကိုတစ်ဆုံးဖွင့်ချရင်းအကုန်လုံးကိုစိတ်ရှိလက်ရှိဖြန်းပေးလိုက်တော့သည်။

ဟာအိုထွက်သွားပြီးတော့ ဟန်ဘင်းက ထမင်းစားခန်းထဲဝင်ပြီးချက်ပြုတ်နေချိန် အပြင်မှာအော်ဟစ်သံတွေကြားရတာကြောင့်မီးဖိုကိုပိတ်ပြီး အပြင်ထွက်ကြည့်လိုက်တော့
ရေပိုက်ကိုင်ပြီးဖြန်းနေတဲ့ ဟာအိုအပြင်
ဟာအိုရဲ့ရေပက်တဲ့ဒဏ်ကိုမရှူမလှခံနေရတဲ့
သူ့အဒေါ်တွေကိုပါတွေ့လိုက်ရသည်။

 Mr.S (Completed)Where stories live. Discover now