4

87 7 2
                                    

Take A Promise

Unicode

အချိန်များကို နောက်ပြန်ရေတွက်ရလျှင် ကေသွယ်နှင့်မောင် ချစ်သူဖြစ်နေကြသည့်အချိန်ဖြစ်သည်။ ကေသွယ်သည် တက္ကသိုလ်တက်နေသည့် အချိန်တွင် ဆရာဝန်လေးရှိန်းထက်ပိုင် နှင့် တွဲဖြစ်ခဲ့သည်။ ရှိန်းထက်ပိုင်သည် အထူးကု ဆက်တက်မည် ဖြစ်ရာ နိုင်ငံခြားကို သွားရမည်။ တက္ကသိုလ်တွင် အလှပဂေးလေးဖြစ်သည့် ကေသွယ်သည် ချစ်သူနှင့် ဝေးနေသည့်အချိန်များတွင် အန္တရာယ်ရှိလှသည်။ ခေတ်အခါသည် နိုင်ငံရေးဖြင့်လည်းမလွတ်သေးရာ အာဏာပိုင်များကိုကြောက်ရသည်။ ထို့ကြောင့် ကေသွယ်သည် လူတစ်ယောက်ကို အကူအညီတောင်းရန်အကြောင်းဖန်လာခဲ့သည်။

ကေသွယ်သည် ရှန်းစစ်ကိုသူ(မ)၏ရည်းစားအဖြစ် ဟန်ဆောင်ပေးရန်တောင်းဆိုဖို့ဖြစ်လာခဲ့သည်။ ရှန်းစစ်၏ ဖခင်သည် နိုင်ငံရေးလှည့်ကွက်ကိုအများဆုံး သိထားသည်မို့ ရှန်းစစ်၏မိသားစုကို မည်သူမျှမထိနိုင်သောကြောင့် ဖြစ်သည်။ ကေသွယ်အကူအညီတောင်းတော့ ရှန်းစစ်အလွယ်တကူပဲ လက်ခံခဲ့သည်။ ကေသွယ်အနေနဲ့ ရှန်းစစ်၏တောင်းဆိုချက် ၃ ချက်ကိုတော့လိုက်လျောပေးရသည်။ ထိုသုံးချက်က . . .

“နံပါတ်တစ်အနေနဲ့ ကျွန်တော်နဲ့ မကေသွယ်ကဟန်ဆောင်ရည်းစားတွေဆိုတာလင်းကိုမသိပါစေနဲ့”

"နံပါတ်နှစ် ကျွန်တော့်မှာသိပ်ချစ်ရသူရှိပြီးသားမို့ မကေသွယ်ရဲ့ ချစ်သူကို ကျွန်တော်တို့အကြောင်းပွင့်ပွင့်လင်းလင်းပြောထားပေးပါ" ကေသွယ်သည် နှစ်ချက်လုံး လိုက်လျောခဲ့သည်။

သုံးချက်မြောက်ကိုတော့…
“ကျွန်တော် အခုမတောင်းဆိုချင်သေးဘူး၊ စိတ်ချပါ မကေသွယ်ရဲ့မိန်းကလေးအိန္ဒြေ ပျက်စီးမှာမျိုးတော့ ကျွန်တော်မတောင်းဆိုပါဘူး ”တဲ့လေ။

ရှန်းစစ်သည် ကေသွယ်တွေ့ဖူးသမျှလူထဲတွင်စိတ်ရင်းကောင်းကာ စာနာစိတ်ရှိသောလူတစ်ယောက် ဖြစ်သည်။ တစ်ခါတစ်လေ ရှန်းစစ်ကိုကြည့်ပြီး နယ်ခြားကချစ်ရသူကို သတိရမိဝာာအကြိမ်ကြိမ်…။

တစ်နှစ်ခန့်ကြာပြီးနောက်...

“ကိုစစ် ကေသွယ့်ရည်းစားလေးပြန်ရောက်လာပြီ"

Take A Promise (ကတိလေးတည်ပေးပါ မောင်)Where stories live. Discover now