7

57 7 4
                                    

Take A Promise

Unicode

“ဟင် မောင့်ကိုယ်မောင် ကောင်မလေး ဇာတ်သွင်းလိုက်တာနော်”

လင်း၏စကားသည် အဓိပ္ပါယ် ပါသောကြောင့် မောင့်မျက်နှာသည် ချိုနေတော့သည်။

"အဟမ်း ဟင်းကျက်တော့မှာ မောင့်အလင်းက ရေသွားချိုးတော့နော်၊ ထမင်းစားကြပေါ့"

"အင်း"

“ဘာအင်းလဲ ပြန်ပြော ဟုတ်ကဲ့မောင် လို့”

လင်းသည် လူညစ်ပတ်ကလေးပင် မောင့်အားလျှာထုတ်ပြောင်ကာ အိမ်ပေါ်သို့ပြေးတက်သွားတော့သည်။ ကျန်ခဲ့သည့် အလင်းရဲ့မောင်သည် သွားစွယ်လေးများပေါ်သည်အထိ သဘောတကျရယ်နေတော့သည်။ ရယ်သံတွေ ချိုနေခဲ့သော်လည်းတစ်ခဏမျှသာ။

“မောင့်အလင်းက မောင်မရှိလဲ အမြဲလင်းနေရမယ်နော်”

~~~

*မောင့်ရဲ့ ဟင်းပွဲက ကောင်းလိုက်တာဆို​ပြီးလင်းကအများကြီးစားလိုက်တာ။ မောင့်မှာ ပီတိတွေစားမိပြီး လင်းကို အမြဲတမ်း ဟင်းချက်ကျွေးချင်သွားတာ။

*Shopping Centre တစ်ခုမှာ ကေဘွယ်နဲ့တွေ့ခဲ့တယ်။ ကေသွယ်က ကေသွယ်နဲ့ကိုရှိန်းရဲ့ စေ့စပ် dinner ပွဲလေးကိုတက်ဖို့ခေါ်ခဲ့တယ်။ အဲနေ့က တိုက်တိုက်ဆိုင်တိုင် လင်းနဲ့ ချစ်သူဖြစ်တာ သုံးနှစ်မြောက်နေ့ …

*စကားပြောနေရင်း ကေသွယ်က လင်းကို တွေ့လိုက်တယ်ပြောလို့ ကိုရှိန်းကို နေရာက​နေခနရှောင်ခိုင်းလိုက်ရတယ်။ လင်း မောင့်ကိုစိတ်နာမှဖြစ်မှာမို့ မောင့်အလင်းကို အထင်လွဲအောင် လုပ်ခဲ့မိတယ်။ ဆေးစစ်ချက်အဖြေက ဦးနှောက်ကင်ဆာနောက်ဆုံးအဆင့်တဲ့။ မောင့် အနားကနေ လင်းကိုဖယ်ထုတ်မှ ဖြစ်တော့မှာ လင်းရဲ့....။

“မောင်ရာ အလင်းကို ပြုစုခွင့်ဘာလို့မပေးခဲ့ရတာလဲ၊ လင်းကို ဘာလို့ပစ်ပယ်ရက်တာလဲ မောင့်ကိုစိတ်ကောက်တယ်....ဟင့်”

လင်းသည် ကျလာသော မျက်ရည်များကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။

*လင်းကိုထွက်သွားစေဖို့ရည်ရွယ်လို့ အေးစက်စက် ဆက်ဆံနေခဲ့တာတွေ အဲ့ဒီနေ့တွေက ငရဲလိုပူလောင်ရတဲ့နေ့တွေပဲလင်း..

Take A Promise (ကတိလေးတည်ပေးပါ မောင်)Where stories live. Discover now