Chapter 29

1.4K 267 8
                                    


   

ကုယွမ်းထင်က  ချည်မျှင်အားပြန်၍မလိပ်မီပခုံးနားရှိနောက်ဆုံးအပတ်ကိုအချောသတ်ထိုးပြီးနောက် တစ်ဝက်တစ်ပျက်ထိုးပြီးသော ပန်းနုရောင်ဆွယ်တာလေးကို ဂရုတစိုက်သိမ်းဆည်းကာ ကားထဲမှဆင်းလိုက်၏။

နောက်ပိုင်းကိစ္စတွေကတော့ မမြင်ရသည့်နောက်ကွယ်မှတိုက်ခိုက်မှုများနှင့် အလုပ်ရှုပ်မှုများပင်။

မအားလပ်သောအလုပ်များပြီးဆုံးပြီးနောက် ကုယွမ်းထင်ဟာ ရုံးခန်းထဲမှာတစ်ယောက်တည်းထိုင်၍ စူးယိရန်ထံသို့ video call ခေါ်လိုက်သည်။

 လွန်ခဲ့သောရက်ပိုင်းကစ၍ နေ့တိုင်းလိုလိုသည်အချိန်မျိုးဆို သူဟာ ရန်ရန်နှင့်ထိုကဲ့သို့တစ်ကြိမ်တွေ့ဆုံလေ့ရှိပေ၏။

သိပ်မကြာခင်မှာပင် ဖုန်းခေါ်ဆိုမှုကချိတ်ဆက်မိသွားကာ စူးယိရန်က စခရင်ထက်တွင်ပေါ်လာသည်

"ထင်ကော"

ကုယွမ်းထင်သည် စူးယိရန်ကို သည်လိုလေးအကြိမ်တိုင်းမြင်ရတိုင်း နှလုံးခုန်သံတွေမြန်ဆန်လာကာ စခရင်ပေါ်တွင် သူ၏အသက်ရှုသံအားအလိုအလျောက်အောင့်ထားမိ၏။

ကုယွမ်းထင်က သူ့အားကြည့်ကာ

"ဒီနေ့ အရသာမြည်းစမ်းပွဲက ဘယ်လိုလဲ"

သည်နေ့ကျင်းပသည့် အရသာမြည်းစမ်းပွဲက ဆိုင်အတွက် စူးယိရန်၏ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ထဲမှာ အရေးကြီးသည့်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သူသိပေသည်။

စူးယိရန်က ဒီနေ့အတွက်ကြီးမားသော အောင်မြင်မှုများအားတွေးမိရင်း အလွန်ပျော်ရွှင်နေကာ သည်နေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးအကြောင်းကို ထင်ကောအား ပျော်ရွှင်စွာပြောပြလိုက်သည်။

ကုယွမ်းထင်မှာလည်း  သူ၏ပျော်ရွှင်မှုတွေကို ခံစားမိကာ နူးညံ့သောပျော်ရွှင်မှုများဟာ သူ့နှလုံးသားထဲ၌ လျှံထွက်နေတော့သည်။

"မင်း ကောင်းကောင်းလုပ်ခဲ့ပြီ။ ကွန်ဂရက်ကျူလေးရှင်း"

 စူးယိရန်က ရယ်သည်။ မျက်ခုံးနှင့်မျက်လုံးလေးများက ကွေးညွတ်သွားပြီး ညာဘက်ပါးပြင်ပေါ်၌ပါးချိုင့်လေးပေါ်လာ၏။ ကုယွမ်းထင်မှာ ရုတ်တရက်ဆိုသလို သူ့ပါးချိုင့်လေးကို လက်ညိုးဖြင့်ထိုးကြည့်ချင်စိတ်ပေါက်သွားရသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now