DTTHzawgyi+uni>4< စတော်ဘယ်ရီ

636 23 0
                                    





DTTH >Part4<
zawgyi
‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍‍" ကျန့်ကောကလည်း အဲ့လို့ကြီးမအော်ရဘူးလေ ကလေးတွေကကြည့်နေတာကို "

" ကြည့်လို့မရပါဘူးဆို .... သွားသွား ပြန်ကြမြန်မြန် သူများခြံထဲ ရှုပ်ရှုပ်ယှက်ယှက် "

ဖုံတွေသဲတွေပေကျံနေသည့် ကလေးတွေကြည့်ရတာ အတော်ဆော့ထားပုံပေါ်ပါသည် ။ ကျန့်က ကလေးတွေဆို ဘယ်လိုမှကို ကြည့်ရတာမဟုတ် ။ အခုလည်း  အတင်းမောင်းထုတ်နေသည်ကို မြင်နေရသည့် ရိပေါ်လည်း ကလေးတွေကို အားနာချင်သလိုလို ။

ကလေးတွေကလည်း  ကျန့်ကို ပြူးလျက်သာကြည့်နေသည် ။

" ညီလေးတို့ ပြန်တော့နော် အသီးတွေလောက်ပြီမလား "

" ဟုတ် ကောကော .... သွားပါပြီ ဟို ဦးလေး
ဝါးဟားဟား ချချ"

ရိပေါ်ပြန်လွှတ်တော့မှ အင်္ကျီဲထဲအပြည့်ရှိနေသည့် အသီးများအား ငုံ့ကြည့်လိုက်ပြီး သဘောတွေကျခါပြန်သွားကြသည်။ ရိပေါ်ကို သေချာနှူတ်ဆက်သွားပြီး  ဦးလေးကြီးဟုခေါ်ခါ  လျှာထုတ်ပြောင်သွား သည့် ကလေးများအား ပစ်ပေါက်ရန် ကျန့် ခဲလုံးပေါက်စများ ကိုအမြန်ကောက်တော့သည် ။

" ဒီ ဟာလေးတွေတော့ "
" အဲ အဲ ကော ကျန့်ကောမလုပ်ပါနဲ့"

ရိပေါ် အပင်ပေါ်မှ လွှားခနဲ ခုန်ဆင်းခါအမြန်ဆွဲထားရသည် ။

" လွှတ်စမ်းပါကွ "

" သူတို့အမေတွေ မြင်ရင်ပြဿနာတက်ဦးမယ်"

" မမြင်အောင်လုပ်မှာပေါ့ .... သူများခြံထဲလာပြီး တော့များ အဲ့လိုဟာလေးတွေကို ဂုတ်ကနေဆွဲမ  ၄၊၅ ပတ်လောက်လှည့်ပေးပြီး
ကမ္ဘာ့အပြင်ကို ကန်ထုတ်ပစ်ချင်တယ်"

" အိုဟိုးဟိုး "
ကလေးတွေကို ရန်တွေ့နေသည့် ကောကိုကြည့်ပြီး ရိပေါ်တစ်ယောက် တည်း ခွီးနေရသည်

" ရယ်မနေနဲ့ မင်းပါ ပါတယ် ... သစ်ပင်ပေါ်တက်ရတယ်လို့ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲလို့ "

" ပြုတ်မကျပါဘူး .... ဒီလောက်သစ်ပင်အမြင့်ကတော့ အေးဆေးပါဗျ ဒါပေမယ့် ပြုတ်ကျလည်း ကောရဲ့ရတ်ဘတ်လေးထဲ ကျအောင် အောက်ကနေ သေချာဖမ်းထားပေးပေါ့ "

direct to the heart ~DTTH~Where stories live. Discover now