DTTH > 24 < မျက်လုံးတွေဖွင့်မထားနိုင်တေ့ဘူး

225 21 3
                                    

Bright ကို move on တုန်းရှိသေးတယ် မွတ်စတယ်ရဲ့ videoက ထပ်ပေါ်လာတော့ လူလည်း ရစရာမရှိတော့ပါဘူး ငယ်လေးတို့ရယ် 💥

သဲလေးတို့ပေးမယ့် စတားလေးက အားဆေးလေးပါနော် 😞

သူများတွေလို့ မိုတီပေးမယ့်ဘဲမရှိတော့
သဲငယ်လေးတို့ကိုပဲ ပူဆာတော့မယ်
အာဘွားလည်း လိုချင်လို့😚

‍‍‍‍‍‍‍‍တီ ....... တီ တီ ......

လမ်းမကြီးပေါ်အဆတ်မပြတ် ရွေ့လျားနေသည့် ယာဥ်အကြီးအသေး ဆိုဒ်စုံ ဒီဇိုင်းအစုံများကို ရိပေါ် ခပ်တွေတွေ ငေးကြည့်နေမိသည်။ မီး အလင်းရောင်စူးစူးတို့ဖြင့် ဦးတည်ချက် တစ်နေရာဆီသို့ သွားလာနေကြသည့် ထိုယာဥ်များကတော့ ရိပေါ်အား သတိထားမိခြင်းတစုံတရာမရှိပါဘဲ အမှတ်မဲ့ ရွေ့လျားနေကြသည် ။ ရိပေါ် နှုတ်ခမ်းရဲရဲဟာ အနည်းငယ် ကွေးတက်သွားသည် ။

အဟင်း ....

" ဟယ်လို ပါး မား ..... ပါးနဲ့မားကို ကျေးဇူးတင်စကား ပြောမလို့ပါ သား ပါးနဲ့မားကိုတောင်းပန်စကားလည်း ပြောချင်တယ်
ဒီကြားတည်း မဖြစ်နိုင်တာတွေကို အတင်းကြိုးစားလုပ်ယူခဲ့မိတယ် .... ပါး မား ကျေးဇူးတင်ပါတယ် ပြီးတော့ သားတောင်းပန်ပါတယ် သား ဒီတစ်ခါတော့ အသိပေးသင့်လားလို့ သား ကောကောနဲ့အဝေးဆုံးတစ်နေရာကိုထွက်သွားတော့မယ်
တစ်ချိန်ကျရင် မေ့နိုင်ခဲ့ရင် ပါးနဲ့မားဆီ ပြန်လာခဲ့ပါမယ် "

တစ်ဖက်က ပါးနဲ့မားရဲ့ ဟန့်တားသံတွေကို ဖုန်းကျမသွားခင် ကြားလိုက်မိပါသေးသည် ။
ပါးနဲ့မား စိတ်ပူနေမှာဆိုး၍ ဒီတစ်ခါတော့ အသိပေး လိုက်သည် ။ ထိုအခါမှသာသက်ပြင်းကိုဖြောင့်​ေဖြာင့်ချနိုင်ပြီး ဖုန်းကိုချလိုက်သည် ။ ထိုအခါ စခရင်ပေါ်တွင်ပေါ်လာသည့် ကောမျက်နှာချောချောလေးက ရင်ထဲစူးခနဲနာကျင်သွားအောင် ပြုံးပြ ​ေနနေသေးရဲ့ ။


" ကျွန်တော်သွားချင်တယ့် လမ်းကတစ်ခုတည်းပဲရှိတာပါကောရယ် ..... ကောရဲ့နှလုံးသားဆီ ......"

" ဘာပဲဖြစ်ဖြစ် ကောအနားမှာ ကပ်တွယ်နေရတာကို ပျော်နေမိတာ "

" ကောဘယ်လောက်ပဲလျစ်လျူရှုနေနေ ဒီရိပေါ်ကို စိုက်ကြည့်ပြီး ဆူပူနေရင်တောင် ငါ့ကိုကောကောကြည့်နေတာပါလားလို့ ကြည်နူးနေမိတာ "

direct to the heart ~DTTH~Where stories live. Discover now