Part 3(Uni+Zawgyi)

343 8 6
                                    

(Uni)

ဒီပါချမ်းသည် ကားသမားဦးလေး ပို့ပေးသည့် ဇွဲနေသည့်တိုက်ခန်းသို့ရောက်လာခဲ့သည်။

"ဦးလေး ကားခဘယ်လောက်ကျလဲ"

"၃၀၀၀ ကလေးမ"

"ရော့ ဦးလေး"

"အေးအေး"

ကားသမားက သူမပေးသည့်ကားခကိုယူပြီးထိုနေရာကနေ မောင်းထွက်သွားလိုက်သည်။

"ဟင်း နောက်ဆုံးသော ဇွဲရှိတဲ့နေရာကိုငါရောက်ခဲ့ပြီး ဇွဲနဲ့တွေ့ပြီးအနာဂတ်ကိစ္စဆွေးနွေးဖို့ဘဲကျန်တော့တယ်"

သူမသက်ပြင်းတစ်ချက်ချလိုက်ပြီး တိုက်ခန်းနှစ်ထပ်မြောက်မှာရှိသည့် ဇွဲအခန်းဆီသို့တက်လာလိုက်သည်။

"တီ တီ တီ"

ဇွဲအခန်းရှေ့သို့ရောက်သည်နှင့် သူမဘဲလ်တီးလိုက်သည်။

"တီ တီ တီ"

သူမဘဲလ်ကိုနောက်တစ်ကြိမ်နှိပ်လိုက်ပေမယ့် ဘယ်သူမှထွက်မသွားပေ။

"ဇွဲမရှိဘူးလား ဘယ်သွားတာလဲမသိဘူး"

"ခနလေး ဖုန်းဆက်လိုက်ဦးမှ"

သူမ၏ဖုန်းကို အလျင်အမြန်ထုတ်လိုက်ပြီး ဇွဲဆီသို့ဖုန်းခေါ်လိုက်သည်။

"........."

ဖုန်းက၀င်နေပေမယ့် ဇွဲကဖုန်းမကိုင်ပေ။သူမမျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး နောက်တစ်ခါထပ်ခေါ်လိုက်သည်။

"......."

"ဟာ့ ဇွဲကမအားတာလား ဘာလို့ဖုန်းမကိုင်တာလဲမသိဘူး ကျစ်"

"ဂွမ် ဂွမ် ဂွမ်"

သူမစိတ်ရှုပ်စွာနှင့် ကျစ်တစ်သပ်လိုက်ရင်း သူမဗိုက်ကဆာလောင်နေကြောင်း အချက်ပြလာခဲ့သည်။

"အရေးထဲ ဗိုက်က ဆာနေပြန်ပြီးကွာ ဇွဲကလဲမရှိဘူး ဖုန်းလည်းမကိုင်ဘူး ဘယ်များရောက်နေတာလဲ"

သူမတစ်ယောက်တည်းစိတ်ရှုပ်စွာရေရွတ်နေရင်း သူမနားကို မိန်းမကြီးတစ်ယောက်လျှောက်လာခဲ့သည်။သူမကလည်း ထိုမိန်းမကြီးကိုတွေ့ပြီး...

"အန်တီ အန်တီ တစ်ဆိတ်လောက်"

"ဘာများလဲ ကလေးမ"

Toward Softly Of Love(နူးညံ့သောအချစ်ဆီသို့)Where stories live. Discover now