Part 4(Uni+Zawgyi)

672 16 7
                                    

(Uni)

ဈာန်သည် ဒီနဒီနေ့ရှယ်ယာရှင်တွေနှင့်အရေးကြီးMeetingရှိသည့်အတွက် အိမ်ကနေ ကုမ္ပဏီကိုအစောကြီးသွားခဲ့သည်။ဒီနေ့တစ်နေ့လုံး ရှယ်ယာရှင်တွေနှင့်အစည်းအဝေးလုပ်ပြီးနောက် ထိုရှယ်ယာနှင့်အတူ စားသောက်ဆိုင်တစ်ဆိုင်မှာဧည့်ခံပြီးအလုပ်ကိစ္စဘာညာဆက်ပြောနေကြပြီးနောက် သူ့ကုမ္ပဏီပိုင်သည့်ရေမွှေးစက်ရုံကိုသွားရောက်စစ်ဆေးခဲ့သည်။"Dream"
ဆိုသည့် သူပိုင်သည့်ရေမွှေးစက်ရုံကိုသွားပြီး၀န်ထမ်းတွေ၏လုပ်ပုံကိုင်ပုံတွေ၊ပစ္စည်းတွေ၏အနံ့တွေ၊Quility တွေကိုသေသေချာချာစစ်ဆေးပြီးမှ ည၇နာရီတွင် အိမ်ကိုပြန်လာခဲ့သည်။သူအိမ်သို့ရောက်သော် အခန်းတံခါးကိုဖွင့်လိုက်ပြီးနောက် မီးဖိုချောင်ရှိရေခဲသေတ္တာဆီသို့သွား၍ရေခဲသေတ္တာထဲမှ ရေတစ်ဗူးကိုဖောက်သောက်လိုက်ပြီး သူ့အိပ်ခန်းထဲသို့၀င်လာလိုက်သည်။မှောင်နေသည့်သူ့အိပ်ခန်းကို မီးမဖွင့်တော့ဘဲ မောပန်းနွမ်းနယ်စွာ အိပ်ရာပေါ်သို့ သူ့ကိုယ်ကိုအရှိန်နှင့်အိပ်ချလိုက်သည့်အခါမှာတော့ အိပ်ရာပေါ်မှာရှိသည့် သူအိပ်ချလိုက်သည့်မာတောင်တောင်လိုအရာကြောင့် သူလန့်သွားပြီးအော်လိုက်မိသည်။

"အားးးး"

ဒီပါချမ်းသည် ထိုအိပ်ရာပေါ်မှာနှစ်ခြိုက်စွာအိပ်နေရင်း သူမအပေါ်ကိုရုတ်တရတ်တက်ဖိလိုက်သည့်လေးလံသည့်အရာကြောင့် အိပ်ရာကနေလန့်နိုးလာသောအခါ..

"ဟင် ဘာကြီးလဲ

ဈာန်မှာ လန့်သွားသည်နှင့်တစ်ပြိုင်နက် သူ့အခန်းမီးကို လင်းထိန်နေအောင်ဖွင့်လိုက်သည်။

"အားးး"

သူတို့နှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးထိတ်လန့်စွာနှစ်ယောက်သားအော်လိုက်ကြသည်။

"ရှင် ရှင်ဘယ်သူလဲ ဘာလို့ကျွန်မအခန်းထဲရောက်နေတာလဲ"

"မင်း မင်းကိုသာ ငါကမေးရမှာ မင်းကရောဘယ်သူလဲ ဘာလို့ငါ့အိပ်ခန်းထဲရောက်နေတာလဲ ပြောစမ်း"

"ဘာရယ် ဘာလို့ရှင့်အိပ်ခန်းဖြစ်ရမှာလဲ ဒါကျွန်မအခန်းရှင့်"

You've reached the end of published parts.

⏰ Last updated: Dec 18, 2023 ⏰

Add this story to your Library to get notified about new parts!

Toward Softly Of Love(နူးညံ့သောအချစ်ဆီသို့)Where stories live. Discover now