အပိုင်း (၆)

18K 120 3
                                    

ဟိုတယ်မှာကျွေးတဲ့မနက်စာကိုစားပြီးတော့ အလုပ်တွေဇယ်ဆက်သလိုမျိုးဆက်တိုက်လုပ်လိုက်ရတာကြောင့်နေ့လည်စာကို ၃နာရီကျော်လောက်မှစားရတော့တယ်။ အစားအသောက်ပေါတဲ့မန်းလေးကမမူအတွက်ရှယ်ဖြစ်သလို၊ အကြမ်းစင်တွေကြိုက်တဲ့မျိုးဝင်းအတွက်ကလည်းနိဗ္ဗာန်လေးတခုပဲ။ တုတ်တုတ်လေးတစီးကိုမနက်ကတည်းကနေတရက်လုံးစာငှါးထားလို့သွားရေးလာရေးအဆင်ပြေလှတယ်။ နေ့လည်စာစားပြီးမဟာမုနိဘုရားကြီးဝင်ဖူးကြသေးတယ်။ မမူကဘုရားရှိခိုးကြာတာမို့မျိုးဝင်းလည်းငှါးလာတဲ့တုတ်တုတ်နားကိုလာပြီးဆေးလိပ်ထိုင်သောက်နေတုန်း 'ပြန်တော့မှာလားအကို.' 'မပြန်သေးဘူး..အမကဘုရားရှိခိုးတုန်းပဲ..သောက်ပါဦး' ဆိုပြီးဆေးလိပ်ဗူးကိုတုတ်တုတ်ဆရာဆီကမ်းပေးလိုက်တယ်။ ဆေးလိပ်ဗူးလှမ်းယူရင်းတလိပ်ထုတ်ကာမီးညှိပြီးဖွာနေတဲ့တုတ်တုတ်ဆရာကိုရှိုးလိုက်တယ်။ အသားကညိုတာထက်ပိုပြီးလေးထောင့်ကျကျမျက်နှာရိုးမှာနှုတ်ခမ်းမွှေးထူထူနဲ့အညာသားဆန်ဆန်ရှိလှတယ်။ ရှပ်ကွက်စိပ်ကိုတံတောင်ဆစ်အထိခေါက်တင်ထားတော့လက်ဖျံတွေကအကြောတွေကိုအထင်းသားမြင်နေရတယ်။ပုဆိုးကိုခပ်တိုတိုလေးနဲ့ခါးပုံစကိုရှေ့ကိုချထားတော့ဖရိုဖရဲဆန်လှတယ်။ ခြေသလုံးပိန်ပိန်းလေးတွေနဲ့ခြေမတုတ်တုတ်ကြီးတွေကမျိုးဝင်းကိုတွံတွေးမျိုချလိုက်ဖို့အတွက်အကြောင်းပြချက်တခုပဲ။ 'ရှိုးလှချည်လား..ဆရာ' သူ့စကားကြောင့်အိုးမလုံအုံမပွင့်ဖြစ်သွားတဲ့မျိုးဝင်းကချောင်းတချက်ဟန့်လိုက်ပြီး 'အော်...ငါအတွေးတခုရောက်သွားလို့ပါကွာ..လူတွေကယောင်္ကျားတွေရဲ့ဆိုဒ်ကိုခြေမကြည့်ပြီးဘာလို့ဆုံဖြတ်ကြတာလဲလို့စဉ်းစားမိလို့' သူကသူ့ခြေမကိုတချက်ကြည့်လိုက်ပြီး 'ဟုတ်တယ်ဗျာ..ကျတော်လည်းလိုင်းပေါ်မှာဖတ်ရတယ်..အဲလိုမျိုးတွေ..ဒါပေမယ့်မှန်တယ်လို့မထင်မိဘူးရယ်' 'မင်းဟာကလွှဲလို့လား' မျိုးဝင်းရဲ့ခပ်ညစ်ညစ်မေးခွန်းကိုသူကတချက်ဟားတိုက်လိုက်တယ်။ 'ကျတော့်မိန်းမတောင်မခံနိုင်လို့ထွက်ပြေးသွားပြီဗျာ...ဒါရှင်းရှင်းလေးပဲပြောလိုက်တာ' 'ညီကအိမ်ထောင်ကွဲနေတာလား..စပ်စုတယ်လို့မထင်ပါနဲ့' 'မထင်ပါဘူးဗျာ..ခင်ဗျားကအလိုက်သင့်လေးပြန်မေးတာပါ..ဟုတ်တယ်ဗျာ..ကျတော့်မိန်းမနဲ့ကွဲနေတာ' ဆေးလိပ်ငွေ့ကိုရှူထုတ်ရင်းလေးလံစွာပြောလိုက်တဲ့အတွက်မျိုးဝင်းစိတ်မကောင်းဖြစ်သွားမိတယ်။ အသက်ရွယ်တူလောက်ထင်ရပေမယ့်သူများတွေကမိန်းမရပြီးလို့ကွဲတောင်ကွဲသွားပြီလို့မျိုးဝင်းစိတ်ထဲကျိတ်တွေးလိုက်တယ်။ မျိုးဝင်းလည်းစကားမဆက်လိုက်တော့ဘဲရှေ့မှာလာနေတဲ့မမူကိုလှမ်းကာ 'အမရေ..မြန်မြန်လာဗျာ..ကျတော်နားချင်လှပြီ' ဆိုပြီးအော်ပြောလိုက်တယ်။ မမူလည်းသွက်သွက်ကလေးလျှောက်လာပြီး တုတ်တုတ်ပေါ်တက်ကာ 'ဟဲ့မျိုးဝင်း..ငါတ်ို့မိန်းဘက်မုန့်သွားစားကြရအောင်' 'တော်ပါပြီ..ခုနကပဲထမင်းစားထားတာကို' 'နင်ကလည်းအဖော်မရဘူး'ဆိုပြီးဆောင့်ကာအောင့်ကာနဲ့တက်သွားတယ်။ မျိုးဝင်းတို့လည်းဟိုတယ်ကိုပဲတန်းပြန်လာကြတယ်။ ဟိုတယ်ကိုရောက်တော့ပိုက်ဆံရှင်းပြီးတာနဲ့ 'ညီ..ညကျအားရင်ထွက်လာခဲ့လေ..အကိုလည်းပျင်းနေတာမို့ဘီယာအတူသောက်ကြမယ်' 'ဟုတ်..အကို..ကျတော်အားရင်ထွက်ခဲ့မယ်လေ...ဖုန်းကတော့မနက်ကဆက်တဲ့ဖုန်းပဲမလား' 'အင်းညီ...အဲဒါအကို့ဖုန်းပဲ..မှတ်ထားလိုက်လေ' ဆိုပြီးနှုတ်ဆက်ကာအခန်းထဲပြန်လာခဲ့တယ်။ ကုတင်ကိုမြင်တော့ဒိုင်ပင်ထိုးပြီးမှောက်ရက်ကြီးအိပ်ချလိုက်တယ်။ ရေမြှုပ်မွေ့ရာမို့အိစက်နေတော့မျက်လုံးမှိတ်ပြီးပင်ပန်းနေတာတွေကိုဖြေလျှော့နေမိတယ်။ blued ကစာဝင်လာတဲ့အသံကြောင့်ဖုန်းကောက်ကိုင်ပြီးဖွင့်ဖတ်မိတယ်။ ထုံစံအတိုင်းစာတွေပဲမို့ သူမေးသမျှကိုအလိုက်သင့်ဖြေပေးလိုက်တယ်။ ပုံတွေလှဲဖို့ပြောလာတော့ Vcall ရလားဆိုတော့မရဘူးတဲ့..ပုံပဲပို့တဲ့။ မျိုးဝင်းလည်းဆက်ပြောမနေတော့ဘဲဖုန်းကိုပိတ်ကာအိပ်နေလိုက်တယ်။

အထန် မျိုးဝင်းWhere stories live. Discover now