"တေဇမောင်မောင်!
ခေါ်နေတာကြားရင်လည်းထူးပါဦးဟဲ့"တေဇ မကြားသည်မဟုတ်။
ပြန်ထူးဖို့ကိုမေ့လျော့နေတာ။
ထူးချင်စိတ် ပျောက်နေခဲ့တာ။"ဘယ်ထထွက်သွားပြီလဲ"
အိမ်ထဲကဒေါ်လေးရဲ့ဖနှောင့်သံကျယ်ကျယ်
ကြားလိုက်ရပြီးတဲ့နောက်မှာ
သူထိုင်နေတဲ့နေရာက အရိပ်ထိုးသွားခဲ့ပြီး"အိမ်ရှေ့တည့်တည့်ထိုင်ပြီး
လက်မှိုင်ချနေရသလား၊
ရုပ်ကလည်း မှုန်ကုတ်နေတာပဲ
နေ့ကြီးရက်ကြီးမှာ ကျက်သရေမင်္ဂလာမရှိနဲ့"ပြောနေတဲ့လူက တော်တော်
မင်္ဂလာရှိတယ်ဆိုတော့လေ။
မနက်စောစောတည်းက ဦးလေးကို
တဂျီဂျီလုပ်နေတာ တေဇပင်နားပူရ၏။"ဟဲ့! ထလို့"
"ဘယ်လဲ"
"ဒီနားကအိမ်တွေကိုမုန့်လိုက်လှူလို့ပြောနေတာ
မကြားဘူးလား၊ ဆယ်ခါလောက်ရှိနေပြီ"တေဇ သက်ပြင်းချလိုက်ပြီး
ထိုင်ရာမှထလိုက်သည်။
မုန့်ချိုင့်တွေသယ်ဖို့အိမ်ထဲဝင်သွားတော့
နောက်ကျောဘက်မှ ပူညံပူညံအသံက
ထပ်ကျပ်မခွာ လိုက်ပါလာသေး၏။ဒေါ်လေးလှူပေးသည့်မုန့်က
ထုံးစံမပျက် မုန့်လက်ဆောင်းဖြစ်ကာ
တေဇတစ်ယောက်တည်းသာ
နေပူပူထဲ လုံးချာလည်လိုက်ပို့နေရသည်။"မွေးနေ့ရှင်ရုပ်ကြီးကလဲ.."
"......"
"ပုပ်သိုးနေတာပဲ"
ပူရမောရတဲ့ကြားထဲ ခနဲ့တဲ့တဲ့စကားသံကြောင့်
ခပ်စူးစူးတစ်ချက်ကြည့်ပေးလိုက်တော့
အီကြာကွေးက ဟီးခနဲရယ်ကာ
တံတွေးမြိုချနေ၏။
ကြောက်လည်းကြောက်၊ပြောလည်းပြောချင်..
ငမွှေကလေး။"မမခင်လေးက ဘယ်တော့ပြန်လာမှာလဲ"
"မင်းအပူလားကွ!"
သျှင်သခင်က ယောကျာ်းလေးဖြစ်ကြောင်း
သိပြီးပေမဲ့ တော်တော်များများက
အရင်အတိုင်းသာဆက်ဆံကြ၏။
ဒါကို သျှင်သခင်ကလည်းကြည်ဖြူထားသည်မို့
တေဇ ဝင်ကန့်ကွက်၊ပိတ်ပင်မနေခဲ့ပါ။"ဒါလေးမေးတာကို"
"မမေးနဲ့ ၊ စိတ်ကောင်းဝင်နေတာမဟုတ်ဘူး"
YOU ARE READING
မောင့်သစ္စာတိုင် မောင့်သစ္စာတိုင်