16

293 35 4
                                    


မနေ့ညက ဘယ်လိုစိတ်နဲ့အတင်းအိပ်ပျော်သွားတယ်ရယ် မသိ ဂျောင်ဟန် နိုးလာတော့ ဘေးနားမှာ ရှုအာ မရှိတော့။ ရေချိူးခန်းထဲကရေသံလည်း မကြားရတာကြောင့် အိပ်ယာထအရမ်းနောက်ကျနေပြီလားဆိုတဲ့စိုးရိမ်စိတ်နဲ့ ဖုန်းဖွင့်ကြည့်တော့ ခုမှ မနက် ၈ နာရီထိုးလုလုပင်ရှိသေး၏။ရှုအာကကော?

ဂျောင်ဟန် အိပ်မှုန်စုံဝါးနဲ့ မျက်နှာတောင်မသစ်တော့ဘဲရှုအာ့ကိုရှာဖို့အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။ ထမင်းစားခန်းက ဇွန်းသံ ပန်းကန်သံတစ်ချို့ကြောင့် ဂျောင်ဟန် ထမင်းစားခန်းဘက်ကိုဘဲ တစ်ခါတည်းဦးတည်သွားလိုက်တယ်။

"ဟာနီ နိုးလာပြီလား ကိုယ်ခုလေးတင်လာနှိုးတော့မလို့"

"အွန်း"

ဂျောင်ဟန် စားပွဲနားကိုတိုးကပ်သွားပြီး ရှုအာ ဘာတွေလုပ်ထားတာလဲဆိုတာသိချင်စိတ်လေးနဲ့ အပြင်အဆင်ကိုကြည့်လိုက်မိတယ်။

"ကိုယ်မနက်စာပြင်ပေးထားတာ မနေ့ညက ဟာနီဘာမှမစားဘဲအိပ်သွားလို့ စိတ်ပူလို့"

ဂျောင်ဟန်ကို ထိုင်ခုံလေးမှာထိုင်စေပြီး ခုလေးတင် ပူပူနွေးနွေးလုပ်ထားဟန်ရှိတဲ့ Carbonara ပါစတာထည့်ထားတဲ့ ပန်းကန်ပြား လှလှလေးကို သူ့ရှေ့ချပေးလာတယ်။

"စားကြည့်ကြည့် ဟာနီ ကိုယ်သေချာလုပ်ပေးထားတာ"

ဂျောင်ဟန်  ဘေးနားက ခရင်းလေးနဲ့ ပါစတာအချို့ကို လိပ်ယူလိုက်ပြီး အနည်းငယ်မြည်းစမ်းစားကြည့်လိုက်တယ်။

"ဘယ်လိုနေလဲ အရသာရှိတယ်မလား"

"အွန်း.."

ဂျောင်ဟန် မနေ့ကကိစ္စတွေကြောင့်နဲ့ စိတ်ဆိုးနေမှန်း ရှုအာ သိပါသည်။ ဒီတစ်ခေါက်စိတ်ဆိုးတာက အရင်လို ခပ်စွာစွာ ရန်ပြန်တွေ့တဲ့ပုံစံမဟုတ်တော့ဘဲ အေးတိအေးစက်လေးဖြစ်သွားတာကြောင့် ရှုအာ နည်းနည်းတော့ သတိထားနေသည်ပြောရမလား? မနေ့က အပြင်ရောက်ပြီး သူဖုန်းပြောနေတာကြောင့် မလည်လိုက်ရဘဲ တန်းပြန်ခဲ့လိုက်ရသည်မဟုတ်လား။

"ဒီနေ့ကိုယ် company သွားဖို့မရှိဘူးဟာနီ ဘယ်သွားချင်လဲ ကိုယ်လိုက်ပို့မယ်လေ"

Circles Where stories live. Discover now