နောက်ဘဝအတွက် ရည်စူးရတော့မည့် ဆန္ဒလေးတစ်ခု

24 2 0
                                    


မမငြိမ်း သိလား
ကျွန်မကလေ မဖြစ်နိုင်ခြင်းများစွာကို အဖတ်မလုပ်ဘဲ နေလာတဲ့မိန်းမရှင့်....

ဖြစ်ချင်တဲ့ ဆန္ဒတွေမှအများကြီး
မဖြစ်လာလဲ မပူပန်ဘူး ...
မဖြစ်ချင်တာတွေ ဖြစ်လာရင်လဲ
အကြာကြီးဝမ်းမနည်းတတ်ဘူး...

ဒါပင်မဲ့ပေါ့ ... မမငြိမ်းရယ်...

ကျွန်မဘဝရဲ့မဖြစ်နိုင်ခြင်းတွေထဲက
တစ်ခုဖြစ်တဲ့အရာက မမငြိမ်းပါရှင်
ဒီမဖြစ်နိုင်ခြင်းလေးကိုတော့
ဖြစ်နိုင်လိုက်ချင်တယ်
ဒီဘဝမှာမဟုတ်လဲ နောက်ဘဝထိပေါ့

သံသရာအဆက်ဆက်မှာ မမငြိမ်းရဲ့
နှုတ်ခမ်းပါးလေးပေါ်သို့သာ
အကြိမ်ကြိမ်လဲကျပါရစေတော့လားရှင်...

Khant 🌻

ဒေါ်ဇင်မာငြိမ်း ဖတ်ဖို့....Where stories live. Discover now