ဖြစ်တည်မှု....

19 3 0
                                    

ငြိမ်း ဟာကျွန်မအတွက်တော့
အရှေ့၊အနောက် အပေါ်‌၊အောက်
ဘေးနှစ်ဖက်လုံးကို
မှန်အကြည်လေးနဲ့ကာထားပြီး
အာမခံသော့ အထပ်ထပ်ခပ်ထားတဲ့
သေတ္တာလေး တစ်လုံးလို
ဖြစ်တည်မှုလေးပါရှင်....

သေတ္တာလေးက မှန်အကြည်လေးဆိုတော့ အထဲမှာ ကျွန်မအတွက်
ဘားမှမရှိတဲ့ ‌ဗလာလေးဆိုတာ
အပြင်ကနေတောင် မြင်ရပါရဲ့.....

သို့သော်.....

ကျွန်မအတွက် ဘားမှမရှိတဲ့
မှန်သေတ္တာလေးကို
ကျွန်မကတော့ သိသိရက်နဲ့
သော့အထပ်ထပ်ကို ကြိုးစားဖွင့်ပါဦးမည်

တစ်ခါတစ်လေတော့လည်း
ချစ်ခြင်းမေတ္တာဆိုတာ
ဗလာနတ္ထိလေးဖြစ်ကြောင်း
ခပ်ကြောင်ကြောင် အတွေးလေးနဲ့
ကျွန်မ ရှင်သန်ပါရစေဦး ငြိမ်းရယ်.....

Khant 🌻

ဒေါ်ဇင်မာငြိမ်း ဖတ်ဖို့....Where stories live. Discover now