Part6

550 52 8
                                    

"လာ ညီလေး ထိုင် ...
ဒီအချိန်ကတော့ လူရှင်းတယ်..."

"ရောင်းမကောင်းဘူးလား.."

ညီလေးက အားနာနေပြန်ပြီ
ဒီကလေး ဘာလို့များ သိပ်အားနာနေပါလိမ့်

"ကောင်းပါတယ် ညီလေးရဲ့
ညဆိုလက်တောင်မလည်ဘူး ..."

ဘာလား နောက်တမျိုးလိမ်မှာလား

"ဘာစားမလဲ ညီလေး.."

တချိန်လုံးပြုံးပြနေတဲ့လူကို ခပ်တည်တည်ပြန်ကြည့်ရင်း

"ဘာ စားလို့ကောင်းလဲ..."

ရှောင်ကျန့် က ခေါင်းလေးစောင်းကာ စဉ်းစားလိုက်ပြီး

"ဝက်သားလုံးခေါက်ဆွဲရော
မားက အဲ့ဒါသိပ်ကျွမ်းတာ..."

"အင်း စားကြည့်မယ်လေ..."

သူတို့ပုံစံက ဘယ်လိုကြည့်ကြည့် ရှောင်ကျန့်ကအလကားခေါ်ကျွေးရသည်နှင့်မတူ
ဝမ်ရီပေါ်က ကြွေးလာတောင်းနေသည့်ပုံနှယ်

"စားကောင်းရဲ့လား ထပ်ယူဦးမလား..."

လူလိမ်တွေဆိုပေမယ့် လက်ရာကတော့ တကယ်ကောင်းတာပဲ

"တော်ပြီ.."

"နောက်လဲဝင်စားနော် အားမနာနဲ့
ကိုကြီးသူငယ်ချင်းတွေလဲ ဝင်စားနေကြ..."

"..."

ဘာမှပြန်မပြောပဲ ပြန်ဖို့ပြင်နေတဲ့ ရီပေါ်ကြောင့် ရှောင်ကျန့် အူကြောင်ကြောင်လေးဖြစ်သွားသည်

အရင်တခါလဲ အဲ့ဒိလိုပဲ

ညီလေးက တခုခုစားပြီးရင် စကားမပြောတော့တာလား

ပထမဆုံးအိမ်မှာစားတုန်းက စကားပြောပါသေးတယ်

ဒါမှမဟုတ် စားမကောင်းလို့လား

"ပြန်တော့မလို့လားညီလေး..."

"အင်း..."

"ကိုကြီးလိုက်ပို့ပေးမယ်လေ.."

"ရတယ်..."

မျက်နှာတည်နှင့်ပြောလိုက်သော ရီပေါ်ကြောင့် ရှောင်ကျန့်ထပ်မပြောရဲတော့
သူဘာတွေမှားမိလဲသာ စဉ်းစားရင်းကျန်နေခဲ့သည်

ရှောင်မားကတော့ ခေါင်းသာခါလိုက်မိသည်
ဘယ်လိုကြည့်ကြည့် သူ့သားကသာ သနားစရာပုံပေါက်နေသည်

သူဆင်းရဲလေး ကျွန်တော့်ချစ်သူWhere stories live. Discover now