Intro

727 45 7
                                    

♣♠UNICODE ♠♣

အေးစိမ့်စိမ့်ညချမ်းလေး... ။
နှင်းမဟုတ်တဲ့ မြူမှုန်တွေ အုံ့ဆိုင်းလျက် လေညင်းတွေ တိုက်ခတ်ပြီး ရာသီဥတုက အေးစိမ့်လွန်းနေသည်။ သို့ပေမဲ့လည်း hoodieအပါးတစ်ထည်နဲ့ ခေါင်မိုးထပ်က အခင်းလေးမှာ ကျောခင်းအိပ်ရင်း ကောင်းကင်ကို မော့ကြည့်နေမိတဲ့သူ ... ။
တလက်လက်တောက်ပနေတဲ့ ကြယ်တွေကိုကြည့်ပြီး လွမ်းလွမ်းဆွေးဆွေးပြုံးလိုက်မိသည်။


“ Merry Christmas နော် ကိုကို Fot ”

နှုတ်ဖျားကနေ ဖွဖွလေးထွက်သွားပေမဲ့ မကြားနိုင်တဲ့ ကိုကိုကတော့ တစ်နေရာရာမှာ ပျော်ရွှင်စွာနဲ့ Xmas Party ကို ကျင်းပနေမှာ သေချာသည်။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ပါတီတွေ၊ ပွဲတွေ ဆင်နွှဲရတာကြိုက်တဲ့ကိုကို၊ မီးရောင်အောက်မှာ အမြဲတမ်းထင်လင်းနေတတ်တဲ့ ကိုကို ၊ လက်ဆောင်လေးတွေ မြင်ရင် မျက်ဝန်းတွေရော နှုတ်ခမ်းလေးပါ ကော့ညွှန့်နေအောင် ပြုံးတတ်တဲ့ ကိုကို ...။
ဒီနှစ်ရော ချစ်ရသူနဲ့ တွဲလက်မဖြုတ်ဘဲ အပြုံးပန်းဆင်နေဦးမှာလား ...။
ဘာဖြစ်လို့များ ကျွန်တော် မဖြစ်နိုင်ခဲ့တာလဲ ကိုကို...။
ပြန်တွေးကြည့်ရင် ကျွန်တော်က သတ္တိမရှိခဲ့လို့နဲ့ တူပါရဲ့ ... ။

ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ ...
ခေါင်မိုးထပ်မှာ ကြယ်တွေကြည့်ရင်း အတိတ်ကို အတွေးရွက်လွှင့်မိတဲ့ကောင်လေးတစ်ယောက်ရှိခဲ့သည်။
သူ့နာမည်က ဂျမ်မနိုင်း နိုရာဝစ်...။

•••••••••••••••••••••••••••••


Merry Xmas 🎄💚

Disclaimer : ပထမဆုံး အသိပေးချင်တာက ဒီ Fan Fiction လေးက 《 Can't Be Brother 》အပိုင်း ၁၉ မှာ ပါတဲ့ GEMFOT သရုပ်ဆောင်ရတဲ့ Xmas Crush ဆိုတဲ့ စီးရီးလေးပါ။ မှတ်မိကြသေးရဲ့လား ... ဂျမ်က တိတ်တိတ်လေးခိုးနမ်းတဲ့ပုံလိုမျိူး လုပ်နေလို့ P'First နဲ့ ဆူခံထိခဲ့တဲ့ အခန်းလေးလေ။ အဲဒီမှာတော့ ဇာတ်ကောင်ဂျွန်နဲ့ ဇာတ်ကောင်ကင်ဆိုပေမယ့် ဒီမှာတော့ GEMINI, FOT အနေနဲ့ပဲ အသက်သွင်းထားပါတယ်နော်

ဒုတိယအနေနဲ့ကတော့  ဒီ Fiction လေးက EspoirJulienne ရဲ့  Merry Christmas Hyung! ကို ပြန်မွေးစားထားတဲ့ GEMFOT Version ပဲဖြစ်ပါတယ်။ မူရင်းversionက one shot ဆိုပေမယ့် Reenieရဲ့ GEMFOT Version မှာ‌တော့ မူရင်းထက် ရှည်ပြီး ဇာတ်လမ်းကို သင့်တော်အောင် ပြင်ဆင်သင့်တာတွေ ပြန်ပြင်ထားပါတယ်။ အစက one shot (GEMFOT) ကိုပဲ ခရစ္စမတ်လက်ဆောင်အနေနဲ့ ပေးဖို့ ကြိုးစားခဲ့ပေမယ့် storyline က နူးနူးညံ့ညံ့လေးဖြစ်တာကြောင့်ရော၊ Can't Be Brother က ဇာတ်သိမ်းခါနီးဖြစ်တာရောကြောင့် နည်းနည်းလေး ပိုရေးချင်ခဲ့မိပါတယ်။ အဲဒါကြောင့် Xmas Crush လေးကိုလည်း ချစ်ပေးကြပါဦးနော် ... ။

Xmas Crush • GEMFOT (Completed)Where stories live. Discover now