အပိုင်း နှစ်

327 40 20
                                    

( ၂၀၂၁ခုနှစ်၊ စီနီယာ နောက်ဆုံးနှစ် )

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


( ၂၀၂၁ခုနှစ်၊ စီနီယာ နောက်ဆုံးနှစ် )

“ P'Fotကို လွမ်းနေတုန်းလား ... ဒီနှစ်ပါတီအတွက် ဖိတ်တဲ့အထဲ မင်းလဲပါတယ် ဂျမ်... ကြည့်ရတာ P'Fot က မင်းကို မေ့မသွားဖူးပဲ ”

Promစကားကို သူပြန်မဖြေမိ။ အဝေးတစ်နေရာကို ငေးရင်း မသိမသာလေးပြုံးလိုက်မိသည်။ တကယ်ပြောရရင် တက္ကသိုလ်ရောက်သွားတဲ့ကိုကို့ကိုလွမ်းပေမဲ့ သူ့ခံစားချက်တွေမကောင်း။ အထက်တန်းကျောင်းမှာ ကိုကိုမရှိတော့ သူ့အချစ်ပုံပြင်လေးဟာ တစ်ဖက်သတ်အဖြစ်နဲ့ တစ်ခန်းရပ်နေတာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ ကိုကို့မွေးနေ့တုန်းက သူ့ကို ဖိတ်ခဲ့ပေမယ့် သူ ကိုကို့အနားကပ်ခွင့်တောင်မရခဲ့။ လက်ဆောင်လေးထားကာ ဒီအတိုင်းလေး ငေးပြီး ပြန်လာခဲ့ရသည်။ တက္ကသိုလ်ရောက်သွားတဲ့ကိုကိုကတော့ ပိုပြီး တောက်ပလာပေမယ့် သူကတော့ နေ့ကောင်းကင်က ကြယ်သေးသေးနဲ့တူပါသည်။  ကိုကိုက နေမင်းကြီးဆိုရင် သူက ထင်ထင်ရှားရှားမတောက်ပနိုင်တဲ့ နေ့ကောင်းကင်က ကြယ်ကလေးပေါ့။ ‌

" ဟင်း "

အခုတော့ သူသက်ပြင်းချက်ရင်း Promကို အဖြေပြန်ပေးမိသည်။ Xmas Party အတွက် ကိုကိုက သူ့ကို Promကနေတစ်ဆင့် ဖိတ်ခဲ့ပေမယ့် သူကတော့ ဒီနှစ် ကိုကို့ကို မတွေ့နိုင်တော့ဘူး ထင်ပ့ါ။

“ ငါသွားဖြစ်မယ်မထင်ဘူး ”

“ ဘာဖြစ်လို့လဲ ”

သူငြင်းမိတဲ့အပေါ်မှာ ထူးဆန်းတယ်ဆိုပြီး Promက တအံ့တဩကြည့်လာတာမို့ သူသက်ပြင်းချလိုက်မိသည်။ အမှန်အတိုင်းပြောရရင် ဒီတစ်နှစ်အတွင်းမှာ သူ့ဘဝက ကြီးကြီးကျယ်ကျယ်ပြောင်းလဲခဲ့ပါသည်။ အဖေတစ်ခု၊ သားတစ်ခုနဲ့ ‌ဘဝကို ခက်ခက်ခဲခဲရှင်သန်လာခဲ့ရာကနေ ရုတ်တရက် အမေဆိုသူဟာ သူ့ဘဝထဲရောက်လာခဲ့သည်။ အမေ့အကြောင်းမေးတိုင်း မဖြေတတ်တဲ့အဖေ့ကြောင့် အမေဖြစ်သူကို သူ မသိခဲ့ရပေမယ့် ရုတ်တရက်အပြောင်းအလဲဖြစ်သွားတဲ့အခါမှာတော့ သူ့ဘဝဟာ နေ့ချင်းညချင်းပြောင်းလဲသွားသည်။ ပြောရရင် အမေဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး အသိုင်းအဝိုင်းမြင့်တဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ဦးဖြစ်သည်။ အဖေ့ကြောင့်နဲ့ အမေဟာ ရှိသမျှအရာတွေကို စွန့်လွှတ်ပြီး ခက်ခဲတဲ့ဘဝကို ရွေးချယ်ခဲ့ပေမယ့် အမေ့အတွက် မကောင်းတဲ့အရာတွေပဲ ဆက်တိုက်ဖြစ်လာခဲ့တာမို့ အဖေဟာ အမေ့ကို လက်လျော့ခဲ့သည်။ အမေ့မိသားစုဟာလည်း အဖေ့ကို မကြည်ဖြူတဲ့အတွက် သူမွေးမွေးပြီးချင်းမှာ အဖေ့ကို သူနဲ့ထားကာ အမေ့ကို တခြားနိုင်ငံမှာ ရှင်သန်စေခဲ့သည်။

Xmas Crush • GEMFOT (Completed)Where stories live. Discover now