Chapter 30

1.3K 269 10
                                    


စူးယိရန်သည် ကုယွမ်းထင်သူ၏နောက်ကွယ်တွင် ဤကဲ့သို့မထင်မှတ်ထားသောကိစ္စကို ပြုလုပ်လိမ့်မည်ဟု အမှန်တကယ်မမျှော်လင့်ထားမိပေ။

အတန်းဖော်များအားအနိုင်ကျင့်ပြီး လူကိုငိုအောင်လုပ်ခြင်းသည် အမှန်တကယ့်တရားလွန်လွန်းလှ၏။

 စူးယိရန် အလွန်ရှက်မိပြီး အပြစ်ရှိကြောင်း ခံစားမိကာ အတန်းဖော်များအားတောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်။ သူဒီလိုလုပ်ရပ်မျိုးလုပ်ခဲ့မှန်း တကယ်မသိခဲ့ဘူး။သူ့ကိုယ်စား မင်းတို့ကိုအရင် တောင်းပန်ပါတယ်"

ပြန်ရောက်ချိန်တွင် သေချာပေါက်ထင်ကောအား ရှင်းရှင်းလင်းလင်းမေးကြည့်ရမည်။ ပြီးနောက် ထင်ကောအား သူတို့ကိုတောင်းပန်ဖို့ ပြောရပေမည်။ထိုအရာသည် လူတို့၏စိတ်ထဲတွင်ကြီးမားသည့်အရိပ်တစ်ခုအဖြစ်ကျန်ခဲ့မည်ပင်ဖြစ်၏။

ဤအကြောင်းအရာကို စတင်ပြောဆိုခဲ့သည့် အတန်းဖော်မိန်းကလေးက စူးယိရန်၏ အပြစ်ရှိစိတ်ဖြစ်နေသည့် အမူအရာကိုမြင်လိုက်၍ အားနာသွားကာ

“ ဘာမှမဖြစ်ပါဘူး။ အခုပြန်စဉ်းစားကြည့်တော့ တော်တော်ပျော်ဖို့ကောင်းသား... ဟားဟား”

အခြားအတန်းဖော်များကလည်း ဝင်ပြောလာသည်။

"နှစ်တွေအများကြီးကြာနေပြီပဲကွာ။စဉ်းစားကြည့်လည်းဘာမှမဟုတ်တော့ပါဘူး။ဒါပေမယ့် တစ်ရက်ရက်တော့ မင်းရဲ့အိမ်သားကုကို ငါတို့အားလုံးအတွက် ထမင်းတစ်နပ်ဖိတ်ကျွေးခိုင်းရမယ်"

 စူးယိရန်က အလျှင်အမြန်ပင် သဘောတူလိုက်ကာ အားလုံးအဆင်ပြေနိုင်သည့်အချိန်ကို ပြန်လည်ချိန်းဆိုပြီး တစ်ကြိမ်စုဝေး၍ ကုယွမ်းထင်နှင့်သူက အားလုံးကို ဧည့်ခံကျွေးမွေးမည်ဟု ဖိတ်ခေါ်လိုက်၏။

 ဤကိစ္စဟာ ယာယီခဏတာတော့ပြီးသွားခဲ့ပြီဖြစ်ကာ အတန်းဖော်သူငယ်ချင်းများက ထိုစဥ်တုန်းက စူးယိရန်နှင့်ကုယွမ်းထင်တို့အကြောင်းကို တွေးကာ စမြုံ့ပြန်ကြရင်းတစ်ခုပြီးတစ်ခု အတင်းတုပ်ကြလေသည်။
 
"အဲဒီအချိန်တုန်းက ကျောင်းရဲ့အချောလေးတွေဖြစ်တဲ့မင်းတို့နှစ်ယောက်က သွားလေရာရာအတူတူပူးကပ်နေတာလေ။မြင်ရတာမခံစားနိုင်ဘူး။ နေ့တိုင်းလိုလို ငါတို့ကျောင်းရဲ့ပရိဝုဏ်က ကျောင်းတွင်းအိုင်ဒေါလ်ဒရာမာနဲ့တောင်တူနေတာ"

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now