1046 - 1050

131 21 0
                                    

အခန်း(၁၀၄၆) လူသားများသည် အဓိကဇာတ်လိုက်များ မဟုတ်ပါ

        “ ရေခဲမိန်းမပျို… ဒါက ကြောက်ရွံ့ခြင်းအဆင့်သတ္တဝါလား ”

    ကျိုးဝမ်က ရေခဲမိန်းမပျို မေးလိုက်သည်။

        “ ဟုတ်တယ်…ဒါပေမယ့် ဒါက ဒိုင်မေးရှင်းနယ်မြေရဲ့ကြောက် ရွံ့ခြင်းအဆင့်တွေနဲ့ နည်းနည်း ကွဲပြားတယ်… ဒါဟာ ကမ္ဘာမြေပေါ် မွေးဖွားလာတဲ့ ကြောက်ရွံ့ခြင်းအဆင့်သတ္တဝါ ဖြစ်သင့်တယ်…”

ရေခဲမိန်းမပျိုက ပြန်ဖြေလာခဲ့သည်။

        “ မင်းမှာ ယုံကြည်ချက်ရှိလား…”

    ကျိုးဝမ်က မေးမြန်းလိုက်သည်။

        “ ငါ့မှာ ကောင်းကင်ဘုံဖုံးလွှမ်းခြင်း ခေါင်းလောင်းလက်ထဲရှိ နေရင် ယုံကြည်ချက်ရှိလိမ့်မယ်..”

ရေခဲမိန်းမပျိုက ပြန်ဖြေလိုက်သည်။

        “ သွားရအောင်..”

        ကျိုးဝမ် လှည့်ထွက်သွားခဲ့ပြီး သူ၏ တိုက်ခိုက်ချင်စိတ်ကို ချေဖျက်လိုက်သည်။

ကောင်းကင်ဘုံဖုံးလွှမ်းခြင်းခေါင်းလောင်းမှာ နတ်ဆိုးကလေး ငယ်နှင့် ပေါင်းစပ်ပြီး ဖြစ်သည်။ ခေါင်းလောင်းကိုပင် သူပြန်မယူနိုင် တော့သဖြင့် ရေခဲမိန်းမပျိုကို ပြန်ပေးရန်မှာ မဖြစ်နိုင်တော့ပေ..။

       ထို့အပြင် အချိန်သိပ်မကျန်တော့ပါ။ သူပြန်ရောက်သောအခါ မီဒူဆာကို ရှုံးနိမ့်ကြောင်း ဝန်ခံခိုင်းရမည်ဖြစ်သည်။ မဟုတ်လျှင် တွဲဖက်သားရဲနှစ်ခုလုံးဖယ်ရှားခံရလိမ့်မည်..။ ဤကိစ္စကို ဖြေရှင်းပြီး မှသာ မြေခွေးကို သူ လေ့လာကြည့်ရမည်..။

ရေခဲမိန်းမပျိုသည် ခေးယော့စ်ပုတီးစေ့အတွင်းသို့ နောက် တစ်ကြိမ် ပြန်မဝင်ချင်သေးသဖြင့် ကျိုးဝမ်တို့အဖွဲ့နှင့်အတူ မြို့လေး ဆီသို့ ပြန်သွားခဲ့သည်။

အချိန်ပြည့်ခါနီးသည်ကို ကြည့်လိုက်ရင်း နောက်ထပ်နှစ်နာရီ အတွက် အချိန်ဆွဲရန် မည်သည့်တွဲဖက်သားရဲစေလွှတ်ရမည်ကို ကျိုးဝမ် စဉ်းစားနေခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now