1176 - 1180

103 12 0
                                    

အခန်း(၁၁၇၆) နောက်ကွယ်လက်မည်းကြီး

        “ အဲဒီလူတွေက ရုပ်ပြောင်းလိုက်တာပဲ မဟုတ်ဘူးလား..”

ကျိုးဝမ်သည် ထူးဆန်းသောအမူအရာနှင့် မေးမြန်းလိုက်၏။

အမည်မဲ့တုကူးက ခေါင်းခါလိုက်ပြီး ဆက်ပြောလာခဲ့သည်။

        “ အစတုန်းက ငါလည်း အဲဒီလို တွေးမိတယ်… ဒါပေမယ့် အဲဒီ လိုမဟုတ်ဘူးဆိုတာ ငါ မြန်မြန် သဘောပေါက်သွားခဲ့တယ်… အဲဒီ မိဘမဲ့ကလေးတွေဟာ အစကတည်းက ဒီလိုမျက်နှာတွေ ရှိနေတာ … သူတို့ဟာ ပလတ်စတစ်ဆာဂျရီခွဲစိတ်မှုတွေ မပြုလုပ်ထားဘူး… သူတို့မှာ သဘာဝအတိုင်း ဒီလိုပုံစံတွေ ရှိနေတယ်…”

        “ ဒါက မဖြစ်နိုင်တာပဲ…”

ကျိုးဝမ်သည် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်..။

     အကယ်၍ ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခဲ့လျှင် ဤအရာကို နားလည်လို့ရသေးသည်။ ဤအရာ ရိုးရှင်းသေချာသော လူကိုယ်ပွား ပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုပင်..။

သို့သော်လည်း အကယ်၍ သူတို့သည် ပလတ်စတစ်ဆာဂျရီ ပြု လုပ်ခြင်း မဟုတ်လျှင် တုကူးချမ်ချိုးသည် ထိုလူများကြီးပြင်းလာ သည့်အခါတွင် အရေးကြီးသောလူပုဂ္ဂိုလ်များနှင့် တူညီနေမည့် အကြောင်း မည်ကဲ့သို့ သေချာနိုင်မည်နည်း..။

        “ ဒါက မဖြစ်နိုင်ဘူးလို့ ငါလည်း ထင်ခဲ့တယ်.. ဒါပေမယ့် အဲဒီ အချိန်ကတည်းက  အဆိုပါမိဘမဲ့ကလေးတွေကို တိတ်တဆိတ် ငါ အာရုံစိုက်ထားတယ်…မိဘမဲ့ကလေးတွေ ရှိသလောက် အပြင်ဘက် မှာ အဆင့်အတန်းရှိတဲ့ သက်ဆိုင်ရာလူတစ်ယောက်ကို ငါ ရှာတွေ့ နိုင်မယ်ဆိုတာ ငါသိသွားခဲ့တယ်…မတွေ့နိုင်ရင်တောင်မှ အနာဂတ် မှာ ပေါ်လာလိမ့်မယ် ... သူတို့တွေအထဲမှာ ငယ်ရွယ်စဉ်အချိန်မှာ အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်စားမပြုနိုင်တဲ့ မိဘမဲ့အချို့ လည်း ရှိခဲ့တယ်… ဒါပေမယ့် သူတို့ကြီးပြင်းလာတဲ့အခါ သူတို့နဲ့တူ တဲ့သူတွေ ထင်ရှားကျော်ကြားပြီး ပေါ်ပေါက်လာတာ ရှိတယ်..”

        ကျိုးဝမ် ကြောက်ရွံ့မှုများ စတင်တိုးမြှင့်လာ၏။ ကျိုးကြောင်း ဆီလျော်သော ဖြစ်နိုင်ခြေကို တွေးတောနိုင်ရန် သူ အစွမ်းကုန်ကြိုး စားခဲ့သည်။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now