🎀

85 7 2
                                    

မနက်ခင်းဘက်နေရောင်ခြည်ဖြာထွက်ချိန်မျက်ခွံကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည် စူးရှတဲ့နေရောင်ခြည်ကြောင့်စောင်ကိုပြန်အုပ်ကာလှဲနေမိပြန်သည်

ဆေးရုံလိုက်ကာကိုထပိတ်လိုက်ခြင်ပေမယ့်လူကမထနိုင်လောက်အောင်နှုံးနေသည်မို့ပြန်လှဲလိုက်သည်

ဒီနေ့ညနေမှာလည်းအရင်နေ့တွေကလိုပဲဖြစ်နိုင်မှာပါ ပိုထူးခြားသွားတာကတော့နှစ်တစ်နှစ်ရဲ့အစဖြစ်မှာမို့လို့ပင် ဒီနေ့လဲခင်များလာဖို့အတွက်မျှော်နေပါသည်

************

  နောက်တစ်နေ့ရောက်လာပါပြီကျွန်တော့်ရဲ့နေရောင်ခြည်လေးကိုတွေ့ရဖို့အတွက်ညနေထိမစောင့်နိုင်တော့ပါဘူး

အခုချိန်လောက်ဆိုနိုးနေလောက်ပြီမလား ဒီမနက်ဘယ်လိုပုံစံလေးနဲ့နှိုးလာလိမ့်မလဲ

သေချာတာကတော့နေရောင်စူးစူးကြောင့်လှပတဲ့သမင်မျက်လုံးလေးတွေစူးပြီးကျုံ့သွားမှာတော့အသေအချာပင်

နေရောင်ခြည်ကသာလူဖြစ်မယ်ဆိုရင်ကလေးငယ်ရဲ့မျက်လုံးလှလှကိုစူးအောင်လုပ်မှုနဲ့ကလေးငယ်ရဲ့မနက်ခင်းကိုမျက်မှောင်ကျုံ့ခြင်းနဲ့စတင်အောင်လုပ်မှုတွေအတွက်တရားသူကြီးတစ်ယောက်လိုမျိုးအပစ်ပေးပါမည်

*************

"ဘယ်နှနာရီရှိပြီလဲ"

"4နာရီထိုးဖို့ဆယ်မိနှစ်ပဲလိုပါတော့တယ်heeseung shi"

ဘေးကနပ်စ်မကိုမေးပြီးသည်နှင့်ခုံပေါ်ချပေးထားသည့်ဆေးကိုမော့ပလိုက်သည်
10မိနစ်လိုသေးတာပဲ

ဒီဆေးရုံကိုရောက်တာHeeseung 4လလောက်ရှိပါပြီ အရင်တုန်းကတော့သာမန်လိုပါပဲ အဲ့နေ့မတိုင်ခင်အထိပေါ့

****
"Heeseungဂရုစိုက်ပြန်နော်"

ဘေးကနေစိတ်ပူ၍တစ်ဖွဖွပြောနေသည့်သူငယ်ချင်းမကိုခေါင်းသာငြိမ့်ပြပြီး busကားစောင့်ဖို့သွားလိုက်သည်

ရုတ်တရက်မိုးရွာလာတာကြောင့်ဘေးဘီကိုတစ်ချက်ဝဲကြည့်ပြန်တော့လည်းbusကားမှတ်တိုင်ကရောက်ဖို့လိုသေးသည် heeseungအိမ်ပြန်မည့်busကားကလည်းတိုက်တိုက်ဆိုင်ဆိုင်စောပြီးရောက်လာသည် များသောအားဖြင့်busကားရပ်ချိန်ကအနည်းဆုံး3မိနစ်သာဖြစ်တာကြောင့်heeseungအနေနဲ့မမှီတော့ပေ

New Years WishWhere stories live. Discover now