Chapter 231

287 36 1
                                    

Unicode

၂၃၁

သူ့တစ်ကိုယ်လုံးသည် အနည်းငယ် တုန်ယင်နေပြီး ဒူးခေါင်းကို လက်ဖြင့်ပိုက်ထားရင်း မျက်နှာအား လက်မောင်းကြားထဲတွင် မြုပ်နှံထားကာ ထိတ်လန့်ကြောက်ရွံမှုတွေနဲ့ ပြည့်နှက်နေ၏။

ချောင်ယွမ် သည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။

ပိုင်ချန်ယွီ သည် သူ၏ ကိုယ်ပိုင်ထိန်းချုပ်နိုင်သော အသိစိတ်ကို ဆုံးရှုံးသွားခဲ့ပြီး အရင်ကလိုမျိုး စံထားလောက်စရာကောင်းသည့် အရည်အချင်းရှိသော သူတစ်ယောက်မဟုတ်တော့ပေ။ ပိုင်ချန်ယွီသည် အားအလွန်နည်းနေသည့် သားရဲပေါက်စ လေးတစ်ကောင်လိုမျိုး နည်းနည်းလေး ထိမိယုံနဲ့တင် သေမင်းနဲ့မျက်နှာခြင်းဆိုင်ရတော့မလိုမျိုးဖြစ်နေ၏။

ပိုင်ချန်ယွီ ကြောက်လန့်နေတာကို မလိုချင်တော့တာကြောင့် ချောင်အန်းသည် မေးနေတာကို ရပ်လိုက်တော့သည်။

တစ်ဖက်လူကသူ့အား မှတ်မိတဲ့ပုံမရပေ။ အသိရှိနေသည့် အချိန်မှာတောင်မှ သူ့ကိုမော့ပြီးမကြည့်ရဲပေ။

သူသည် ပိုင်ချန်ယွီအား ဇွန်သေးသေးလေးတစ်ချောင်းဖြင့် ဆန်ပြုတ်များကို တဇွန်းခြင်း ခွံကျွေးလာသည်။ သူ ၏ အသံသည် အရမ်းကိုညင်သာနေပြီး မျက်နှာထားဟာလည်း အရမ်းကို နူးညံ့နေသည်။ ချောင်ယွမ် ကအလွန်စိတ်ပျက် အားငယ်စွာ ကြည့်မိလိုက်သည်။

ချောင်အန်းသည် ပိုင်ချန်ယွီ အား ဆန်ပြုတ်ကျွေးပြီးသောအခါ ချောင်ယွမ် ကိုလှမ်းကြည့်လိုက်ပြီး...
" မင်းဘာလို့ မသွားသေးတာလဲ? "

ချောင်ယွမ် က နှစ်စက္ကန့်လောက် တိတ်ဆိတ်နေပြီး ...
" ဒေါက်တာပိုင်ကိုလဲ ကြည့်ပါဦး ဒါက အသက်ရှိနေတဲ့ လူသားတစ်ယောက်တဲ့လား? "

ချောင်ယွမ်ကို ကြည့်လိုက်သောအခါ ချောင်အန်း ရဲ့မျက်နှာပေါ်တွင် နူးညံ့ညင်သာမှုတွေပျောက်ဆုံးနေပြီးစိတ်မရှည်ဟန်ဖြင့်...
" ဒါပေါ့ သူက အသက်ရှိနေတဲ့လူတစ်ယောက်ပဲလေ သူဘယ်လိုပုံစံပဲ ဖြစ်နေပါစေ ငါ သူ့အနောက်မှာ အမြဲရှိတယ် "

Strong Offense ( Book 2 mmtran )Where stories live. Discover now