1

485 55 7
                                    

"ငါ့ကို လွှတ်လို့!!"

အားကုန်ဆောင့်ချလိုက်သည့် လက်တစ်စုံ။
ဆုတ်လဲဆူး စားလဲရူး ဒါကစကားပုံလားတော့မသိပေမယ့် သူ့အတွက်ကတော့ ယခု ဘယ်လမ်းကိုဘဲရွေးချယ်ပါစေ နာကျင်ရမည်က မလွှဲဧကန်။

"တောင်းပန်ပါတယ် အင့်!ကျွန်တော်က ပြင်ပါ့မယ် ဟျောင်း ကျွန်တော်က ဟျောင်းမကြိုက်တာ အားလုံး ပြင်ပါ့မယ် မထားခဲ့ပါနဲ့ ဟျောင်း ကျွန်တော့်ကို မထားခဲ့ပါနဲ့ ကျေးဇူးပြုပြီး..."

မျက်မှန်ဘောင်တို့ကို ကျော်လွန်၍ မျက်ရည်တို့ တသွင်သွင် စီးဆင်းနေသည်။
တကယ်ဘဲ သူက ဘာအမှားလုပ်မိလို့လဲ မစဥ်းစားနိုင်။
သွေးအေးလွန်းသည် သူ သိပ်ချစ်တဲ့ ကောင်လေးက အရမ်းကိုသွေးအေးလွန်းခဲ့သည် အခုလိုအချိန်မျိုးမှာတောင်...

"မင်း ငါ့ကို လွှတ်ပေးပါတော့ ပတ်ခ်ဂွန်းနု!!ကျေးဇူးပြုပြီး ငါ့ကို ဒီထက်ပိုခက်ခဲအောင် မလုပ်ပါနဲ့.."

"ဟင့်အင်း ဟျောင်း..ကျွန်တော်က ဘာမှားလို့လဲ ကျွန်တော်က ဘာမှားသွားလို့ ဟင့် ဘယ်နေရာကမှားသွားလို့ ဟျောင်းက ကျွန်တော့်ကို..."

"တော်တော့လို့ ပြောနေတယ်မလား!ငါက တော်လိုက်တော့လို့ ပြောနေတယ်မလား!!!"

သူ ဆွဲယူထားသည့် လက်နှစ်ဖက်ကို အားကုန်ရုန်း၍ သူ့အား အော်လာသည့် ဟျောင်း၏မျက်နှာပေါ်တွင် မျက်ရည်စတို့ ရှိနေသည်။
ထို့ကြောင့်ပင် ဂွန်းနု၏ လက်တို့ အလိုလိုပြေလျော့လို့သွားသည်။

နောက်ဆုံးထိ ထိုလူ၏ မျက်ရည်စတွေဟာ သူ့အားနည်းချက်ဖြစ်နေတုန်းဘဲ...။

"ပင်ပန်းတယ်!ငါလဲ ပင်ပန်းတယ်လို့! မင်းမိဘတွေကို ဘယ်လောက်ထိ ပုန်ကန်နိုင်လဲ ဘယ်လောက်ထိ လျစ်လျူရှုနိုင်လဲ ငါ မသိဘူး ဒါပေမယ့် ငါလေ..မင်းအနားမှာရှိနေရတာ တစ်ရက်ထက်တစ်ရက် ပိုပြီးပင်ပန်းလာတယ် မွန်းကြပ်လာတယ်..အဲဒါကြောင့် လွှတ်ပေးပါတော့!ငါ့ကို ထပ်ပြီး ခက်ခဲအောင်မလုပ်ပါနဲ့တော့ ကျေးဇူးပြုပြီး..."

"သွေးပူနေတုန်းမလားဟင် ဟျောင်း!ဟျောင်းက သွေးပူနေတဲ့အချိန် ဒေါသထွက်နေရင် စကားကြမ်းတွေ ပြောတတ်တယ်လေ စိတ်ထဲမှမပါဘဲ အဲဒါတွေက တကယ်မှမဟုတ်ဘဲ အခုလဲ...အခုလဲ ဟျောင်းက စိတ်ဆိုးနေတုန်းမို့ ဒီစကား​တွေပြောတာမလားဟင်..စိတ်ပြေသွားရင် ဟျောင်း စိတ်ပြေသွားရင် ကျွန်တော်တို့ အရင်လို ပြန်ဖြစ်မယ်မလားဟင်..ကျွန်တော့်ကိုရူးအောင်မလုပ်ပါနဲ့ တောင်းပန်ပါတယ် ကျွန်တော်က ဒီလိုတောင်းပန်ပါတယ်..."

EX-CHANGEWhere stories live. Discover now