ကိုယ်တို့အဆုံးသတ်က ဘယ်လိုပုံစံမျိုးလဲဆိုတာမသိနိုင်ရင်တောင် ကိုယ်တို့တွေ့ဆုံမှု ကိုယ့်ဘဝထဲ မင်းဝင်လာခဲ့ပြီး မင်းဘဝထဲ ကိုယ်ရောက်ရှိခွင့်ရခဲ့တာကိုက ရေစက်လှလှလေးဘဲလေ...အဲလိုပြောလို့ရတယ်မလား ဂွန်းနုရား...။
__________
2010/Jun/1~~~~
နှစ်ထပ်တိုက် အိမ်ပုလေးအတွင်း အသံကျယ်ကျယ်လေး ဆက်တိုက်ထွက်ပေါ်နေသည်။
ထိုအသံလေးကြားလိုက်တာနှင့် နယ်မြို့လေးအတွင်း မည်သူမဆို ခန့်မှန်းလို့ရပေသည်။ဆော့မတ်ချူး~~
ကနေဒါသူနှင့် ကိုးရီယားလူမျိုး ဇနီးမောင်နံမှ မွေးဖွားခဲ့တဲ့ ကိုးရီးယားကပြား ကလေးငယ်တစ်ဦးဖြစ်သည်။
အသက်အရွယ်မှာ 8နှစ်သာရှိသေးပေမယ့် အရွယ်နှင့်မလိုက်အောင် စကားတတ်၏။
မိခင်ဆီမှ အမွေရရှိထားသော အပြုံးလှလှလေးတွေကြောင့် လူတိုင်း မြင်လျှင် မချစ်ဘဲမနေနိုင်ကြ။
ထို့ကြောင့်ပင် မတ်ချူးလေးဟာ ဖွံ့ဖြိုးမှုသိပ်မရှိသေးတဲ့ ဂျယ်ဂျူရှိနယ်မြို့လေး၏ အသည်းကျော်လေးဖြစ်၍ နေသည်။"မကြိုက်ဘူး!!မကြိုက်ဘူးလို့ မားကလဲ ဒါကြီးကို မတ်ချူး မစားချင်ဘူးလို့!!!"
ဆက်တိုက်ဆိုသလို ထမင်းဘူးလေးအား တွန်းဖယ်၍ မတ်ချူးက ငြင်းဆန်နေသည်။
ဖခင်ဖြစ်သူမှာ အလုပ်ကိုထွက်သွားပြီဖြစ်၍ အိမ်တွင် ကျန်ခဲ့သည်က သူတို့ သားအမိနှစ်ယောက်ပင်ဖြစ်သည်။အခုတော့ ထင်တဲ့အတိုင်း ထမင်းဘူးကိစ္စ တိုက်ပွဲဝင်နေရသည်။
"ချူးချူး မား ဘာပြောထားလဲ အသီးအရွက်လဲ စားပေးရမယ်လေ ဒါမှ သားအရပ်ရှည်လာမှာပေါ့ အသီးအရွက်ရော အသားရော မျှမျှတတ..."
"အား!!!မကြိုက်ဘူး အသီးအရွက်လဲ မကြိုက်ဘူး အဲဒီနာမည်ကြီးခေါ်တာလဲ မကြိုက်ဘူး ဘာမှမကြိုက်ဘူး ဟွန့်!"
မိခင်သေချာပြင်ပေးထားသည့် အပြာရောင်ထမင်းဘူးလေးအား မတ်ချူးက လက်နှစ်ဖက်နှင့် စုံတွန်း၍ ခြေလေးစောင့်ကာ အိမ်မှထွက်ဖို့လုပ်သည်။