[Part 12] ကွင်းဒစ်ရှ်ပြိုင်ပွဲ

91 13 2
                                    

Unicode

လွန်ခဲ့သည့် နှစ်နာရီလောက်က ဝိညာဉ်များပြောသည့် ဗီရီနာ ပေါ်တာတို့က သူ၏ တစ္တေကြီးကို အနိုင်ယူလိုက်တယ်ဆိုတဲ့ စကားက သူ့အတွက် အဓိကမဟုတ်။ လျှို့ခန်းအခန်းကို မှော်ကျောက်တုံး ရရန် သွားခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။ အခုတော့ သူ ဘာဆက်လုပ်ရမလဲ တွေးရင်း စိတ်မပါစွာဖြင့် ကျောင်းသားများရဲ့ အိမ်စာကို စစ်နေလေသည်။

ရုတ်တရပ် သူ၏ရုံးခန်းထဲကို ကျောင်းသားတစ်ယောက် ၀င်လာပြီး ထိုကျောင်းသားက ထူးဆန်းစွာဖြင့် ၀တ်ရုံမှာပါသည့် ဦးထုပ်ကို ဆောင်းထားသဖြင့် ကွိုင်ရယ် မျက်ခုံးပင့်လိုက်သည်။

"ဂရင်းဖင်းဒေါ တတိယနှစ်တွေရဲ့ အိမ်စာပါ ပရော်ဖက်ဆာ.."

ထိုကျောင်းသားက စကားစလာသဖြင့် ကွိုင်ရယ် သူ၏ ဟန်ဆောင် မျက်နှာဖုံးကို တပ်ဆင်လိုက်သည်။

"အော်...‌ကျေး...ကျေးဇူးပါ...က...ကလေးရယ်"

"သွားခွင့် ပြုပါအုန်း ပရော်ဖက်ဆာ"

ကွိုင်ရယ် ခေါင်းငြိမ့်ပြလိုက်တော့ ထိုကျောင်းသားက မတုံ့မဆိုင်းပဲ ထွက်သွားသည်။ ကွိုင်ရယ် စိတ်ထဲ အနည်းငယ် ထူးဆန်းနေပေမယ့် ဘာမှ မပြောပဲ စာသာ ဆက်‌စစ်နေလိုက်သည်။

မိနစ်အနည်းငယ် ကြာအပြီး စတုတ္ထနှစ်တွေရဲ့ အိမ်စာကို ဘေးဖယ်ကာ တတိယနှစ်တွေရဲ့ အိမ်စာစာရွက်တွေကို ယူလိုက်သည်။ သူ စာရွက်ပုံကို ယူလိုက်စဉ်အတွင်းမှာပဲ စာရွက်တွေရဲ့ ကြားထဲက ထွက်လာတဲ့ စာရွက်အပိုင်းအစလေးတစ်ခုကြောင့် ကွိုင်ရယ် အံ့ဩသွားသည်။

သူ မတုံ့မဆိုင်းပဲ ထိုစာရွက်ကို ကောက်ယူ၍ အထဲက ‌လက်ရေးသွယ်သွယ်လေးဖြင့် ရေးထားသည့် စာများကို ဖတ်လိုက်လေသည်။

                     အဖြူရောင် သေမင်း နှိုးထလာပြီ။

အသေဆိုးနဲ့ သေဖို့ပြင်ထား ကွီးရီးရက်စ် ကွိုင်ရယ်နဲ့ တွမ် ရစ်ဒယ် ခေါ်  ဗိုဒီမော့...။

စာကြောင့် ကွိုင်ရယ် စိတ်တွေ လေးလံလာသည်။ ဒီလူက သူတို့ကို ခြိမ်းခြောက်နေတာလား။ သူတို့ အကြောင်းကို သိတာ စနိပ်ပဲ ရှိသည်။ စနိပ်နဲ့ သူနဲ့က လွန်ခဲ့တဲ့ နာရီအနည်းငယ်က စကားပြောပြီးပြီမလို့ သူ မဟုတ်နိုင်၊ ပြီးတော့ စနိပ်က စာနဲ့ ရေးပြီး အချိန်ကုန်ခံမည့် လူမျိုးမဟုတ်။ ဒါဆို ဒါက ဘယ်သူလဲ၊ သူတို့အတွက် အန္တရာယ် ရှိတယ့် လူမျိုးလား။ သူ့ရဲ့ အစီအစဉ်ကို ဒီ အမည်မသိ လူက ဖျက်စီးပစ်တော့မှာလား...။

New PotterWhere stories live. Discover now