[Part 15] ရီနာ၏ အဖြစ်ချင်ဆုံး ဆန္ဒ

90 10 0
                                    

Unicode

ဘာလိုလိုနှင့် ခရစ်စမတ်‌နေ့တောင် ရောက်လို့လာပြီဖြစ်သည်။ ကုန်ဆုံးခဲ့သည့် ရက်များအတွင်း မာဖီးယားကောင်ကို ကူညီပေးနေရတာနှင့် ကျောင်းစာတွေကြောင့် ရီနာ ဘ၀က ငြီးငွေ့လွန်းနေခဲ့သည်။ ထို ရက်ပိုင်းများအတွင်းမှ အားတဲ့အချိန်လေး ဟက်ဂရစ်စီတွင် ရီနာတို့ နီကိုးလပ်စ် ဖလက်မဲ အကြောင်း သတင်းသွားနှိုက်လိုက်သေးသည်။

အခုရက်ပိုင်း ဒရေဂိုနှင့် သိပ်မတွေ့ခဲ့ရသလို မနေ့မှ သူ အိမ်မပြန်ခင်လေး ရီနာ့ကို စာအုပ်များ လက်ဆောင်ပေး၍ ငိုမဲ့မဲ့ဖြင့် ထွက်သွားသေးသည်။ ခရစ်စမတ် ပွဲတော်ကာလအတွင်းတော့ ထိုခေါင်းဖြူကောင်လေးကို ရီနာ လွမ်းရအုန်းမည် ထင်သည်။ ဟာမွန်နီလည်း မနေ့ကမှ အိမ်ပြန်သွားပြီး Kingကလည်း တချို့တွေကို နားလည်နေပြီမလို့ သူ့အိမ်သူ ပြန်သွားလေပြီ။ ရွန်ကလည်း ဇာတ်လမ်းထဲက အတိုင်း ဟော့၀ပ်မှာပဲ ကျန်ခဲ့လေသည်။

ဂရင်းဖင်းဒေါ၏ နားနေဆောင် မီးဖိုဘေး‌တွင် ထိုင်လျက် ရီနာ ဟိုစာအုပ်ကို ကိုင်ပြီး တစ်ခုခုကို စဉ်းစားနေလေသည်။ ဒီတလော ဟိုလူပေးခဲ့သည့် ဗလာစာအုပ်က သူမ အတွက် အထောက်အကူဖြစ်ခဲ့တာ အမှန်ပေ။ Tom Riddle ၏ ဒိုင်ယာရီ စာအုပ်လိုမျိုး ထိုစာအုပ်ကို မေးချင်တာ မေးလို့ရသည့်အပြင် သူမ ရှာချင်သည့် အရာတစ်ခုခု ရှိနေသည့် နေရာကို မသိလျှင်လည်း ထိုစာအုပ်က လမ်းညွှန်ပေးလေသည်။

"အမ်း.....ဟော့၀ပ်မှာ အခုအချိန် ဘာလုပ်လို့ အကောင်းဆုံးလဲ.."

ဗီရီနာ ပေါ်တာကတော့ ဗီရီနာ ပေါ်တာပင်။ တစ်ခါတစ်လေလည်း ထိုမေးခွန်းလို အဓိပ္ပာယ်မရှိသည့် မေးခွန်းတွေ မေးတတ်လို့ ဖြေပေးနေရသည့် စာအုပ်ကလည်း သူမကို ငွီး‌ငှေ့‌နေ‌လောကျပီ ထင်သည်။ရီနာ ချရေးလိုက်တော့ ထိုစာအုပ်ပေါ်တွင် စာလုံးတွေက ချက်ချင်းပေါ်လာသည်။ 

"၁။ စာကြည့်တိုက် သွားပြီ စာအုပ်ဖတ်ပါ..ဒါပေမယ့် ကော်ဖီတစ်ခွက်တော့ ယူသွားပါ၊ ခရစ်စမတ်ကာလ ဖြစ်သည့် အတွက် ကော်ဖီပူပူလေး သောက်ရင်း စာဖတ်ရတာ ခံစားချက် ကောင်းစေပါတယ်။ ၂။ လျှောက်လည်ပါ..အခုချိန်မှာ လျှောက်လည်ရင် ခရစ်စမတ် သစ်ပင်တွေနဲ့ အပြင်အဆင်တွေကြောင့် မြင်ရတာ ပျော်ရွှင်စေပါတယ်။ ၃။ စာရေးပါ..အိမ်ပြန်ရောက်နေတဲ့ သူငယ်ချင်းတွေစီကို စာရေးရင် သူတို့ကို လွမ်းတဲ့ အကြောင်းတေ‌ွ ထည့်ရေးရင် ဆက်ဆံရေး တိုးတက်စေပါတယ်..၄။ အပြင်မှာ ကျနေတယ့် နှင်းတွေနဲ့ ကစားပါ..နှင်းတွေနဲ့ ကစားရတာ ပျော်စရာကောင်းသလို နှင်းလုံးတွေကို သူငယ်ချင်းတွေနဲ့ ပစ်ပေါက်တမ်း ကစားရတာလည်း ပျော်ရွှင်စရာပါ"

New PotterWhere stories live. Discover now