« 7 »

757 96 10
                                    

Unicode

Berlin မြို့သို့ရောက်လာတော့ လေဆိပ်ထဲကနေ လမ်းမထက်သို့ Taxiငှားရန်ထွက်လာလိုက်သည်။
ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး အစ်ကို့ရဲ့မျက်လုံးလေးတွေက တလက်လက်။
မလိုက်ချင်ဘူးဆိုပြီး ခါးခါးသီးသီးငြင်းနေတာ သူမဟုတ်တဲ့အတိုင်းပဲ။

“အစ်ကို အအေးမိတာ သက်သာလား"

“သက်သာတယ်"

“တည်းမယ့်နေရာသွားရအောင်"

“Jungkook ဟိုက ယာဉ်ပုံစံနဲ့ကဘာလဲ"

မျက်လုံးအကြည့်မခွာသောနေရာသို့ ကြည့်လိုက်တော့ Berlinက ထူးခြားတာလေးတစ်ခုဖြစ်တဲ့ Beer Bike ။

“Beer Bikeလို့ခေါ်တယ်အဲ့ဘေးက ခုံလေးတွေတွေ့လား အဲ့မှာလိုက်စီးပြီးသောက်ရတာပေါ့ သူကမြို့ထဲအလှကို တစ်နာရီပတ်ပြပေးတယ် လူ၁၆ယောက်လောက်ဆန့်တယ်လေအစ်ကို လိုက်စီးချင်လား"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

“Beer Bikeလို့ခေါ်တယ်
အဲ့ဘေးက ခုံလေးတွေတွေ့လား အဲ့မှာလိုက်စီးပြီးသောက်ရတာပေါ့ သူကမြို့ထဲအလှကို တစ်နာရီပတ်ပြပေးတယ် လူ၁၆ယောက်လောက်ဆန့်တယ်လေ
အစ်ကို လိုက်စီးချင်လား"

“အဲ့တာက နေ့တိုင်းထွက်တယ်မလား"

“Tourist attractions တစ်ခုမို့ နေ့တိုင်းရှိတယ်"

“အဲ့တာဆို နောက်ရက်ကျ အဲ့တာစီးကြည့်ရအောင်
အခုတော့ နားချင်တယ် အိပ်ချင်နေတယ်"

“လေယာဉ်ပေါ်လဲဒီလောက်အိပ်လာတာကို ၂နာရီခွဲလောက်လေးစီးရပြီး"

“ဘာပြောတယ်!"

“ဟဲဟဲ သွားမယ် သွားမယ်
ဗိုက်ကောမဆာဘူးလား"

“မဆာဘူး!"

“သေချာလို့လား"

“သေချာတယ်"

“ပြီးရောလေ"

သူပြောတော့ ရှက်ရမ်းရမ်းပြီးအော်တာ မသိရင်ခက်မယ်၊ နားရွက်တွေတောင်ရဲလို့။ ဆွဲကိုက်လိုက်ရင် မကောင်းရှိတော့မယ်။
ပေါ်တင်လဲမရီရဲတာကြောင့် တစ်ဖက်လှည့်ရီလိုက်ပြီး Taxiငှားလိုက်ကာ တည်းမယ့်နေရာသို့သွားလိုက်ကြသည်။

Yes or NoWhere stories live. Discover now