« 9 »

282 58 3
                                    

Unicode

“မေမေ"

“အွန်း ပြောလေသမီး"

“မေမေ ဘာမှမပြောဘူးလား"

“ဘာကိုလဲ သမီးရဲ့"

“ကိုကို အခုလုပ်နေတာတွေကို"

“Jungkookလေးက ဘာတွေများလုပ်နေလို့တုန်း"

“မေမေ့! သိရဲ့သားနဲ့"

“Jungkookက သူ့ဘဝကိုသူပိုင်တယ် မေမေကဘာကို ဝင်စွက်ဖက်နေရမှာလဲ"

“သမီးသဘောထားကိုလဲ သိရဲ့သားနဲ့ မေမေက အခုဂရုမစိုက်တာလား"

အလိုလိုက်ခံထားရတဲ့ ကလေးပီပီပြုမူနေတော့တာ။
သမီးက Jungkookအပေါ် ခံစားချက်ပိုနေတာကို သိပါသည် ၊ ဒါပေမယ့် ဟိုလိုလုပ်ပါ ဒီလိုနေပါလို့ တစ်ဖက်သားကို ပြောလို့မရ။ ပြောခွင့်လဲမရှိပါ။
သမီးက နားမလည်တာလား တစ်ဇွတ်ထိုးဆန်နေတာလား မသိပေ။
မိခင်တစ်ယောက်အနေနဲ့တော့ ကိုယ့်သားသမီး လမ်းမလွဲအောင် တည့်မတ်ပေးရမည်။ ဘယ်လောက်ပဲချစ်ချစ် အလိုလိုက်ထားခဲ့ပါစေ သူများကို ထိခိုက်အောင်လုပ်မည့်သူတော့ မဖြစ်စေချင်။

“မေမေက Jungkookလေးကို သားတစ်ယောက်လိုချစ်ခင်တယ် မိဘတွေမရှိတော့တဲ့ကလေး လိမ္မာရေးခြားရှိတဲ့ကလေးတစ်ယောက်ကို မေမေက မေတ္တာပေးရုံတင်ပဲ၊ သူ့ဘဝအထိ မေမေ့မှာ ခြယ်လှယ်ခွင့်မရှိဘူး
Jungkookလေးက အသက်ပြည့်ပြီးသား လူငယ်တစ်ယောက်၊ သူ့အချစ်ရေးကို သူ့ဘာသာ ခွဲခြားဆူံးဖြတ်နိုင်နေပြီ သမီးရဲ့သဘောထားကြောင့်ဆိုပြီး သူ့ကို ဘာမှသွားပြောလို့မရဘူး သမီး ဒါကိုသဘောပေါက်ရမယ်"

“ကိုကို့ကို သမီးအပိုင်လို့ပဲသတ်မှတ်ခဲ့တာ မေမေ"

“အဲ့တာက သမီးဘက်ကအတွေးလေ
Jungkookလေးက ဘယ်တုန်းကများ သမီးစိတ်ကို အထင်မှားအောင် လုပ်ခဲ့ဖူးသလဲ ၊ သူ့ညီမငယ်လေးလိုပဲ သူဆက်ဆံခဲ့တာလေ"

“ဟင့်အင်း! ကိုကိုက သမီးလူ"

“Jungkookလေးက ဟိုလူ ဒီလူက အလွယ်တကူပိုင်ဆိုင်လို့ရတဲ့ အရာဝတ္ထုမဟုတ်ဘူး သမီး၊ သမီးရဲ့အတွေးတွေ လမ်းလွဲနေပြီ မေမေက အရာရာအလိုလိုက်ပြီး ချစ်ပေမယ့် အခုလိုအမူအကျင့်မျိုးတော့ ခွင့်မပြုပေးနိုင်ဘူး
လူတိုင်းမှာ သူ့လွတ်လပ်ခွင့်နဲ့ သူ့လုပ်ပိုင်ခွင့်သူရှိတယ် ၊ သမီးလွတ်လပ်ခွင့်အရ လူတစ်ယောက်ကို သဘောကျလို့ရတယ်သမီး ဒါပေမယ့် သမီးကြောင့် တစ်ဖက်လူကိုတော့ အဆိပ်အတောက်မဖြစ်စေနဲ့ အထူးသဖြင့် အဲ့လူက သမီးမဟုတ်တဲ့ တခြားသူကိုရွေးချယ်ထားရင် သမီးက သိက္ခာရှိရှိ စည်းမကျော်သင့်တော့ဘူး
ဒါက သူများပြောမှသိရမယ့်အရာမဟုတ်ဘူး ကိုယ်တိုင်ကကျင့်သုံးရမယ့် လူ့ကျင့်ဝတ်ပဲ"

Yes or NoDonde viven las historias. Descúbrelo ahora