He can't leave me

490 13 0
                                    

Ex come back to me 💋 (အပိုင်း ၁)

"မင်းက ဘယ်လိုမိန်းမမျိုးလဲ" တဲ့
ဒီလိုမိန်းမမျိုးပဲဆိုတာ သိရအောင်ပြရတာပေါ့။
ဒီနေရာက club တစ်ခုပဲ။ နေရာကိုတော့
အတိအကျမပြောတတ်။သူငယ်ချင်း ခေါ်လာတဲ့အတိုင်းသာ လိုက်လာခဲ့သည်။အရင်က
ချစ်ရဖူးသူလည်းဖြစ် ချစ်ခဲ့ဖူးသူလည်းဖြစ်တဲ့
ရည်းစားဟောင်း မကြိုက်တဲ့နေရာက club ပေါ့။
ဒါတွေဂရုစိုက်စရာမှမလိုတော့တာ။
အဲ့ဒီယောကျာ်းမေးတဲ့ ဘယ်လိုမိန်းမလဲ ဆိုတဲ့
စကားကို သေချာမြင်သာအောင်ပြရမှာပဲ။

"လီယာရေးလ် နင် ဒီညအပြတ်ကဲပြီးမှပြန်"

"အိုကေလေ ဒါမျိုး လီယာရေးလ်တို့က
သိပ်ကိုကြိုက်"

လီယာရေးလ်သည် နာကျင်စွာအသည်းကွဲခဲ့ကာ
အရက်တွေသာသောက်နေခဲ့သည်။မိန်းကလေးတန်မဲ့ သောက်ရလား ဆိုတဲ့ အဲ့ဒီယောကျာ်းရဲ့ အပြစ်တင်သံတွေ နေတိုင်းကြားခဲ့ရ၏။
ဒီ night club ကတော့
အဲ့ဒီယောကျာ်းနဲ့ဝေးရာပဲလေ။ဒါကြောင့်
ပြေးလွတ်မဲ့ ဒီ club မှာ ပျော်ပါးနေခြင်း။
ဘာကြောင့် အရက်သောက်ရတာလဲ ဆိုတာ
အဲ့ဒီယောကျာ်းကမမေးဘူးလေ။ အဲ့ဒီယောကျာ်းသိတာက လီယာရေးလ်ကို အပြစ်တင်ဖို့ပဲ။
ဘာကြောင့်သောက်လဲ မမေးပဲ စောက်ပြစ်သာ
တင်တတ်တဲ့ အဲ့ဒီယောကျာ်းရဲ့ စကားကြမ်းကြမ်းတွေကို မေ့ပျောက်ဖို့ ဒီကိုရောက်လာခဲ့ခြင်းဖြစ်၏။

"ဟိတ် ဒီကမိန်းကလေး အဖော်ပါလား"

"နိုးး"

လာမေးတဲ့ ကောင်လေးက အသက်က
လီယာရေးလ်ထက် ငယ်မဲ့ပုံ။ခေါ်တာက
မိန်းကလေး ဆိုပဲ။ ဖြစ်တတ်ပါတယ်လေ
လီယာရေးလ်အသက်က ၂၁ ဆိုတာ
ဘယ်သူမှမယုံကြဘူးလေ။ အပြင်အဆင်တွေကြောင့်ဖြစ်မယ်။ အမြဲ အဲ့ဒီယောကျာ်းကြိုက်တဲ့
အနုအယွ အနုအလှလေးပုံစံနဲ့နေရတာကို
ငြီးငွေ့လှပြီ။

"ကိုယ်နဲ့ တစ်ဝိုင်းသောက်ကြမလား"

"သဘော"

"အသက်က"

"၂၁"

"ဟာ တကယ်လား"

ကောင်လေးက အာမေဋိတ်အသံနဲ့ တုံ့ပြန်လာတာပဲ။

"မင်းကရော ကောင်လေး"

Ex come back to me 💋Where stories live. Discover now