Money can buy everything

73 7 0
                                    

Ex come back to me💋(အပိုင်း ၅)

လီယာရေးလ်သည် Dream နှင့်အတူ
အပြင်လျှောက်လည်ခဲ့သည်။ တစ်နေကုန်
ပျော်ပါးမှုကြောင့် တရိပ်ရိပ်ဖြစ်လာတဲ့
နှလုံးသားရဲ့စိတ်ခံစားချက်တွေ။လီယာရေးလ်သည် တစ်ပတ်ခန့် ယိုကိုနှင့်မတွေ့ဖြစ်ပေ။
နေ့တိုင်းလိုလို Dream နှင့်အပြင်မှာ လျှောက်လည်ဖြစ်သည်။

"ရေးလ် နင်ဘယ်မှာလဲ"

"ငါအိမ်မှာ"

ဒီနေ့လည်းလီယာရေးလ်သည် Dream နှင့်လျှောက်လည်ပြီးအိမ်ပြန်ရောက်တော့
ရေချိုးပြီး အိပ်ယာ၀င်ဖို့ ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ယိုကို့ဆီက ဖုန်း၀င်လာ၏။

"ငါ club မှာပြဿနာတက်နေလို့"

"ဘာဖြစ်လို့လဲ"

"ဟိုနေ့က အဖွဲ့ ပြဿနာလာရှာနေလို့"

"ငါလာခဲ့မယ် ခဏစောင့်"

လီယာရေးလ်သည် အ၀တ်အစားအမြန်လဲကာ
ထွက်လာလိုက်သည်။၀တ်လာတာက
‌အနက်ရောင်၀တ်စုံဖြစ်ပြီး ခန္ဓာကိုယ်လှပလွန်းတဲ့ လီယာရေးလ်အတွက်ကတော့ ဘာ၀တ်ဝတ်ကို လိုက်ဖက်လွန်းပါ၏။ အခုလည်း အနက်ရောင်
ခါးအတိနဲ့ အင်္ကျီရဲ့အပေါ်မှ အနက်ရောင်
Jacket ကိုထပ်ထားသည်။ ပြီးနောက်
အနက်ရောင်ဦးထုပ်ကိုလည်း၀တ်ထားသေးပါ၏။ ဒါ့အပြင် အနက်ရောင်လက်အိတ်ကိုလည်း ၀တ်ဆင်ထားသည်။ လီယာရေးလ်သည်
ကား ၅ စီးထဲမှ အနက်ရောင်ကားကိုသာ
ရွေးချယ်ပြီးစီးလိုက်သည်။

~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•

"နင်က ဘယ်လောက်တောင် အဆင့်ရှိနေလို့
ဒီဝိုင်ကို ၀ယ်သောက်နိုင်မှာလဲ"

"ငါ..."

လီယာရေးလ် club ထဲ၀င်သွားတော့ မြင်ရတဲ့မြင်ကွင်းက စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွားရ၏။အကုန်လုံးကလည်း ယိုကိုနှင့်
တစ်ဖက်က ကောင်မလေးတစ်ဖွဲ့ကို
ဝိုင်းကြည့်နေကြသည်။ ဘယ်လိုကောင်မမျိုးလဲ။ ဘာကောင်မမို့လို့
လီယာရေးလ်ရဲ့သူငယ်ချင်းကို ထိခိုက်ရဲရတာလဲ။

"နင်ကရော ၀ယ်သောက်နိုင်လို့လား"

"ဪ ကယ်တင်ရှင်မကြီးပါလား"

Ex come back to me 💋Where stories live. Discover now