DESCRIPTION

1.2K 82 16
                                    

UNICODE

English Name : Daily Life of the Canary Pet Master
Chinese Name : 金丝雀宠主日常
Author : 纯白蠢白
Total Chapter : 81 Chapters
Status : Completed

===========================

အိုးရန်ကျင်းက ယောကျာ်းပျိုကလေးတွေကို မွေးရသည်ကို သိပ်သဘောကျသည်။ သဘောကျရသည်မှာလည်း သူက ဒရာမာတွေကို ကြိုက်နှစ်သက်သောကြောင့်ပင်။


ထိုသူတို့ မာနတလူလူနှင့် ဘဝင်ကိုင်နေတာတို့ ၊ ရိုရိုကျိူးကျိူးရှိပြီး ဖော်လံဖားလုပ်တတ်သည်တို့ ၊ ရည်ရွယ်ချက်ကိုဖုံးကွယ်တာတို့ အချင်းချင်းတိုက်ခိုက်တာတို့...။ ထိုထိုသော လူတွေ၏ မကောင်းသောဘက်ခြမ်းတို့ကို ကြည့်ရသည်ကို သူသိပ်သဘောတွေ့သည်။

သနားစရာကောင်းတဲ့ ကောင်လေးတစ်‌ယောက်ကို သူမတွေ့ရခင်အထိပေါ့...။

ထိုကောင်လေးမှ တုံးလွန်းပြီး အားကိုးရာမဲ့လျက် ၊ အိုးရန်ကျင်းကို သူ့ကမ္ဘာကြီးလိုဆက်ဆံတတ်သည်။ အိုးရန်ကျင်းအတွက် သူ၏ လစာတွေမှန်သမျှကို သုံးပစ်လိုက်တာ ၊ အန္တာရယ်တွေဆို မတုံ့မဆိုင်း ရှေ့ကနေ ဝင်ကာပေးတာ....တွေတင်မက...

...သူတို့၏ နှလုံးတွေ လဲလှယ်ပြီးသည့် အချိန်မှာတောင် အနူးညံ့ဆုံးအညင်သာဆုံးလေသံလေးနှင့် ဒီလိုပြောနိုင်ခဲ့သေးသည် : "ခင်ဗျားဒါကို ကျွန်တော့်ဆီကကွယ်ဝှက်ထားတာကို ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ကျွန်တော့်ရဲ့နှလုံးကို ခင်ဗျားဆီပေးဖို့ ကျွန်တော်တကယ်ကို လိုလားတာပါ"

* * *

036က မိဘမရှိ ၊ သူငယ်ချင်းမရှိ အစမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ် မွေးဖွားခဲ့ခြင်းဖြစ်သည်။

"ကိုယ်အစိတ်အပိုင်းတွေ ပြန်လည်ဖွံဖြိုးနိုင်သော စမ်းသပ်မှု" အဖြစ် တစ်ဦးတည်းသော အောင်မြင်ခဲ့သူအနေဖြင့် သူ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းလိုလို ချမ်းသာသောသူတို့ သုံးနိုင်ရန် ခဏခဏဖြတ်ထုတ်ခံခဲ့ရသည်။

ယင်းကဲ့သို့ နာကျင်မှုတို့ကို ကျင့်သားရနေပြီးခါမှ သူသည် သူ့အတွက်သိပ်ထူးခြားသော သူတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။

စာဝါငှက်‌လေး၏သခင်ဖြစ်ရခြင်း နေ့စဉ်ဘဝWhere stories live. Discover now