Chapter_5

116 22 1
                                    

UNICODE

သူဆွဲသီးကလေးကို ယူကာ သူ့ရင်ဘတ်ပေါ်သို့ စမ်းတင်ကြည့်မိပြီးနောက်တွင် လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိပါ၏။

ဆွဲသီးလေးမှာ သိပ်လှသည်ပင်။ သို့သော် ကံအကောင်းအကြောင်းမလှစွာ သူ့ဆီတွင် မမြဲမြံတတ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်ခွဲခန်းသို့ပြန်လျှင် ပြန်ယူသွားကြမည်မလား။

သူအခန်းထဲတွင် မှန်မှတဆင့် ဆွဲသီးလေးကို အတော်အတန်ကြာကြည့်နေမိသည်။ နောက်မှသူ အိပ်ချင်ချင်နှင့်ပင် စာကြည့်ခန်းထဲသို့ဝင်ကာ ခုံပေါ်တက်၍ အပေါ်ဆုံးစာအုပ်စင်အထပ်မှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ နောက်ဆုံးတော့ သူစာအုပ်ကိုဖွင့်ဖတ်ကြည့်လိုက်ချိန် သူ့အာရုံတွေက စာကြောင်းတွေပေါ်မှာပဲ ရှိနေသောကြောင့် သူသက်ပြင်းချလိုက်၏။ ထို့နောက်သူ ခုံပေါ်တွင်ပင်ထိုင်ချကာ စာအုပ်ကိုစူးစူးစိုက်စိုက်ဖတ်တော့သည်။

သေသေချာချာကိုပင် အနှီလူချမ်းသာမှာ နောက်ထပ်လဝက်လောက်အထိကို ပေါ်မလာခဲ့ပေ။ ဒီနေ့တော့ အိုးရှောင်ဝမ်တစ်ယောက် သူ့မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်းနှင့် ဘဏ်ကတ်တို့ကိုရရှိပေသည်။ ထိုအရာများ၏ ရည်ရွယ်ချက်ကို သူနားလည်ဖို့ အချိန်ခဏလောက်ယူလိုက်ရသေးသည်။ ထို့နောက်တွင် ၎င်းတို့ကို ရတနာကလေးများကဲ့သို့ သေတ္တာလေးတစ်ခုထဲတွင် ထည့်သိမ်းထားမိပါ၏။

သေတ္တာကတော့ အခန်းထဲမှာပင်တွေ့ခဲ့တာဖြစ်သည်။ တန်ဖိုးကြီးအရာတစ်ခုခု၏ ဘူးခွံဖြစ်ပုံရသောကြောင့် အတော်တော့လှပပါ၏။ ထိုသေတ္တာကလေးထဲကို သူက ဆီစိမ်စက္ကူပါးစာရွက်လေးများထဲသို့ ဖိသိပ်ထားသော သစ်ရွက်များ ၊ ရီမုတ်ကားလေးနှစ်ခုတို့အား သိမ်းထားခြင်း။ ယခုတော့ စာရွက်စာတမ်းတို့ပါ ပါလာပါ၏။ သူကတော့ ဓာတ်ခွဲခန်းမရောက်ခင် ဒီသေတ္တာကိုတစ်နေရာရာတွင် တိတ်တိတ်လေးမြုပ်ခဲ့ရန် စီစဉ်ထားပါ၏။ အကယ်၍ အနာဂါတ်မှာသာ အိုးရန်ကျင်းကဲ့သို့ နူးညံ့ကြင်နာတတ်သောလူချမ်းသာမျိုးနှင့် ဆုံဖြစ်ခဲ့ပါလျှင် သူပြန်တူးနိုင်မည်လေ။

"တင်!"

ထိုအချိန်တွက် မက်ဆေ့ခ်ျတစ်စောင်ဝင်သံကထွက်ပေါ်လာ၏။

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

စာဝါငှက်‌လေး၏သခင်ဖြစ်ရခြင်း နေ့စဉ်ဘဝWhere stories live. Discover now