Chapter_3

101 28 4
                                    

UNICODE VERSION

"ဒါမသုံးဖူးဘူးလား?"

အိုးရန်ကျင်းက သူကြည့်နေတာကို သတိထားမိစွာနဲ့ မေးလာသည်။

036တကယ့်ကိုပင် မသုံးဖူးသည့် အတွက်ခေါင်းညိမ့်လိုက်၏။

"မနက်ဖြန် ကိုယ်တစ်ယောက်ယောက်ကိုလွှတ်ပြီး မင်းကိုပေးမယ်လေ ၊ အချိန်ယူပြီး ဘယ်လိုသုံးရမလဲ သင်ယူကြည့်ပေါ့"

036 ရုတ်တရက်အံ့ဩလှသဖြင့် ပြူးကြောင်ကြောင်ပင်ဖြစ်သွားရသော်လည်း ခေါင်းညိမ့်လိုက်ပြန်သည်။

အိုးရန်ကျင်းက ထိုအမူအရာကလေးအား ချစ်ဖို့ကောင်းသယောင်ထင်မိသောကြောင့် သူ၏လက်များက တစ်ဖက်လူငယ်လေး၏ လည်ပင်းဆီသို့ လှမ်းလိုက်မိ၏။ လှမ်း၍ ခွေးလေးကြောင်လေးများအား ပွတ်သပ်သည့်နှယ် တစ်ဖက်လူ၏ ဇက်ပိုးကလေးကို နှိပ်နယ်ပွတ်သပ်မိသည်။

036ကမူ ရုန်းမထွက်ခဲ့သလို မသက်မသာဖြစ်ပုံလည်းမပြ။ အန်တီကျိုးကိုမြင်တဲ့အထိ တိတ်တိတ်ကလေးသာ ဟိုဘက်ကိုငေးနေခဲ့သည်။

မီးဖိုချောင်ထဲက လောလောလတ်လတ်ထွက်လာသော အန်တီကျိုးခမျာ 036အကြည့်တို့နှင့် တန်းတွေ့လိုက်ရသဖြင့် အပြုံးကြီးကြီးကဝေ‌ဖြာသွားတော့၏။ အစောက အန်တီကျိုးပြောသည့် စကားများကို ပြန်တွေးကြည့်မိသဖြင့် စာရွက်နှင့်ဘောပင်တို့ကိုရှာသော်လည်း မတွေ့။ ထို့ကြောင့် သူအိုးရန်ကျင်းလက်ကိုပင် ဆွဲယူကာ စာလုံးအချို့ကို ချရေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ လက်ဖဝါးပေါ်စာရေးရသည်မှာ အဆင်မပြေလှသည့်အတွက် သူကြိုးစားပမ်းစားပင် တိုတိုတုတ်တုတ်ရေးသော်လည်း အိုးရန်ကျင်းက ယားလွန်းသည့်အတွက် သူ့လက်များမှာ ကွေးနေသည်ကိုမရပ်နိုင်။ သုံးလုံးမြောက်ကို 036ရေးသည့်အခါ‌တွင်တော့ အိုးရန်ကျင်းက လက်သီးကိုလုံးလုံးဆုပ်မိတော့သည်။

ထိုအခါ 036က သူ၏လက်ကောက်ဝတ်ကို ကိုင်ထားပြီး ရှုပ်ထွေးထွေးနှင့်။

အိုးရန်ကျင်းက သူ့လက်အား ‌တစ်ဖက်လူက ကိုင်ထားတာကို မသိကျေးကျွန်ပြုပြ မသိစိတ်အရ လက်ဖဝါးကို လက်ချောင်းတို့ဖြင့် ကုတ်ခြစ်နေမိသည်။ ထို့နောက် သူရှင်းပြလိုက်ကာ

စာဝါငှက်‌လေး၏သခင်ဖြစ်ရခြင်း နေ့စဉ်ဘဝWhere stories live. Discover now