𝐶ℎ𝑎𝑝𝑡𝑒𝑟 _ 2 _ 𝑈 & 𝑍

1K 61 9
                                    

        " ခင်ဗျား ဒီအခန်းမှာနေရတာ အဆင်ပြေရဲ့လား "

        " ဟိုဘက်မှာထက်စာရင် ပြေပါတယ် "

        " ဟိုမှာကျ ဘာအဆင်မပြေလို့ ပြောင်းလာတာလည်း ဟင် "

        " အတန်းခေါင်းဆောင် မလုပ်ချင်လို့ "

        " ဟား.. ဟား "

        ဝမ်ရိပေါ်ရဲ့ စကားကြောင့် ရှောင်းကျန့်တစ်ချက်ရယ်မိသွား၏။အတန်းခေါင်းဆောင်မလုပ်ချင်လို့ မေဂျာတူတာတောင် အခန်းပြောင်းလာတာဆိုပဲ။အတန်းခေါင်းဆောင်နေရာက အရှိန်အဝါတစ်ခုနဲ့ဂုဏ်ယူစရာ ကောင်းသော်လည်း တော်တော်လေး သောက်လုပ်ရှုပ်သည်။အတန်းပိုင်ဆရာမ နည်းတူ အတန်းနဲ့ပတ်သတ်တာတွေအကုန် ဦးဆောင်လုပ်ရတာ။ဒါပေမဲ့ ရှောင်းကျန့်ကတော့ ဒီလိုလေးတွေလုပ်နေရတာကို ပျော်နေတတ်သူမို့ သိပ်တော့ပြဿနာမရှိ။

       ရယ်သံသဲ့သဲ့ကြောင့် ဝမ်ရိပေါ်က မျက်လုံးလှန်ကြည့်တယ်။မျက်မှန်အကြည်လေးအောက်မှ မျက်ဝန်းစိိုစိုတို့သည် ဘာကြောင့်ရယ်တာလည်းလို့ အသံတိတ်မေးနေသယောင်။ဒါပေမဲ့ စကားနည်းပါသော နုတ်ခမ်းထူထူလေးထံပါးမှတော့ ဘာစကားသံမှထွက်ပြီး မေးမြန်းတာမျိူးမလုပ်ခဲ့ပေ။

        " ခင်ဗျား ကို နားလည်ပါတယ်။စကားတောင် တစ်ခွန်းပြောဖို့ အများကြီးအရှိန်ယူနေရတဲ့ လူတစ်ယောက်က နေရာတကာပါရတဲ့ အတန်းခေါင်းဆောင် ဘယ်လုပ်ချင်ပါ့မလည်း "

        " အင်း စိတ်ရှုပ်တယ် "

        " ဒါနဲ့ ဒီမှာ ခင်ဗျားအင်္ကျီလေး။ကျွန်တော် သေချာလေးပြန်လျှော်ပေးခဲ့တယ်နော် "

        အင်္ကျီလေးကို ပြန်ပေးတော့ အင်းသံတောင်ထွက်မလာတော့ဘဲ ခေါင်းလေးပဲညိမ့်တဲ့ဝမ်ရိပေါ်ကို ကြည့်ပြီးရှောင်းကျန့်နုတ်ခမ်းလေး မဲ့သွားပြန်တယ်။တကယ်ကြီး စကားနည်းလွန်းတဲ့ ဝမ်ရိပေါ်ဆိုတဲ့ကောင်ကို စကားတွေပြောအောင် ဘာမှမလုပ်နိုင်ကြဘူးလား။ချောမောတဲ့မျက်နှာလေး ပိုင်ဆိုင်ထားပါလျက်နဲ့ ထိုမျက်နှာနှင့်လိုက်ဖက်ပါသော စကားသံချိူချိူတို့သည် သူ့နုတ်ဖျားမှာရှိမနေပေ။ပကတိအေးစက်လွန်းပြီး အရယ်အပြုံးလည်းနည်းသည်။

𝑊𝑜𝑛'𝑡 𝑀𝑖𝑠𝑠 𝑇𝑜𝑛𝑖𝑔ℎ𝑡   [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Where stories live. Discover now