Chapter _ 7 _ U & Z

770 42 8
                                    

           တစ်ဖွဲ့လုံး ခရီးနှင်လာခဲ့ကြတာ ကားသမားပြောသလိုပဲ ဟိုတယ်ဆီကို ည 1 နာရီကျော်မှ ရောက်တယ်။အားလုံးလည်း ပင်ပမ်းနေကြပြီမို့ သူသူကိုယ်ကိုယ် အနားယူချင်နေကြပြီ။အသက်က အတန်းခေါင်းဆောင်ဆိုတော့ အတန်းပိုင်ဆရာမနဲ့လိုအပ်တာတွေလုပ်ရင်း အခန်းသော့တွေစစ်ကာ အလုပ်ရှုပ်နေသည်။

          မောင်ကတော့ အတန်းခေါင်းဆောင် မလုပ်ချင်လို့တောင် အသက်ရှိရာအခန်းဆီ ပြောင်းရွှေ့လာပေမဲ့လည်း အသက်ကလေးပင်ပမ်းနေတာ မြင်ရတော့လည်း စိတ်ထဲမကောင်း။ညအချိန်မို့ အေးစိမ့်စိမ့်ရာသီဥတုလေး ရှိနေသော်လည်း မောင့်အသက်လေးကတော့ ချွေးတွေပျံနေလောက်သည်။

           မောင့်အကြောင်းသိတဲ့အသက်က မောင်ဒီနားမှာစောင့်နေနော်လို့ အမိန့်ပေးသွားတော့လည်း မောင့်မှာ မလှုပ်ရဲ။အသက်ကလေး တစ်ယောက် စိတ်ကောက်မှာဆိုး မောင်က ချစ်တာကိုး..။

           " ကဲ တစ်ခန်းကို နှစ်ယောက်ထားပေးထားတယ်နော်။သော့တွဲတွေမှာ အခန်းနံပါတ်ပါတယ်။အဆင်မပြေတာရှိရင် အတန်းခေါင်းဆောင် ဒါမှမဟုတ် ဆရာမ ဆီကို တိုက်ရိုက်လာပြောကြနော် ကလေးတို့ "

          " ဟုတ်ကဲ့ ဆရာမ "

          " အေးအေး သော့တွေရပြီဆိုရင် ကိုယ့်အခန်းကိုရှာပြီး အနားယူကြတော့။မနက်ဖြန်နေ့လည်လောက်မှ ဆရာမတို့တွေ ရေပူစမ်းရှိတဲ့တောင်ပေါ် တက်ကြမယ် "

         " ဟုတ်ကဲ့ "

          ညှိထားသလားအောက်မေ့ရအောင် အသံညီညီဖြင့်ဟုတ်ကဲ့လုပ်ကာ ကိုယ့်အထုပ်ကိုဆွဲပြီး ဟိုတယ်ထဲဝင်ကြတော့သည်။အသက်ကတော့ လက်ထဲမှာသော့တစ်စုံကိုင်လို့ မောင့်ဆီပြန်ရောက်လာတယ်။

          မောင် ထင်တဲ့အတိုင်းပါပဲ။နဖူးစ လေးတွေမှာချွေးလေးစို့နေတဲ့အသက်က မောင့်ကိုပြုံးပြလာတယ်။အသက်ကို ဂရုမစိုက်ရရင် မနေနိုင်တဲ့မောင်ဟာ အသက်နဖူးထက်က ချွေးလေးတွေကို လက်ဖနှောင့်နဲ့ ဖွဖွသုတ်ပေးမိတော့ ခါးကိုတံတောင်နှင့်တွက်ကာ သိပေးလာပါ၏။

          " ပတ်ဝန်းကျင်ကိုလည်း သတိထားဦး။ကျွန်တော်တစ်ယောက်ထဲ ရှိတာမဟုတ်ဖူး မောင်ဆိုတဲ့ကောင်ရဲ့ "

𝑊𝑜𝑛'𝑡 𝑀𝑖𝑠𝑠 𝑇𝑜𝑛𝑖𝑔ℎ𝑡   [ 𝑶𝑵𝑮𝑶𝑰𝑵𝑮 ]Où les histoires vivent. Découvrez maintenant