3.2

765 114 3
                                    

ရိုက်ကူးရေးလုပ်ရမည့်နေရာသည် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင်ရှိပြီး လမ်းအတွင်းထဲသို့ဝင်ရမည့်အကွာအဝေးမှာ အနည်းငယ်ရှည်လျားသည်။ရှေ့ဆုံးခုံမှာထိုင်ကာ မောင်းနှင်နေသော ကားသမားသည် သူတို့နှင့်ရင်းနှီးလာပြီဖြစ်ရာ မကြာမီတွင် လင်းယန်ရန် ၊ ယင်းယင်းတို့နှင့် စကားစမြည်ပြောလာခဲ့သည်။

သူတို့ လိုရာခရီးကို ရောက်ခါနီးတွင် ကားသမားက မေးလာ၏ ။
“မင်းတို့ ဘယ်သွားကြမလို့လဲ။ဦး‌လေး ဒီနှစ်ရက်အတွင်း  ညသန်းခေါင်အချိန်‌လောက်ဆို မိန်းကလေးအများကြီးပါတဲ့ အုပ်စုတွေကို ဒီနေရာအထိ အခေါက်ပေါင်း မရေမတွက်နိုင်အောင် လိုက်ပို့ပေးရ‌တယ်။ဒါတောင်မှ လူတွေအများကြီးထပ်ကျန်သေးနေခဲ့သေးတယ်"

  လင်းယန်ရန် က ကားသမားကို စိတ်ဝင်တစားနဲ့ မေးလိုက်၏ ။
"သူတို့က ဘယ်ကိုလာကြတာလဲ....ပွဲလာကြည့်တဲ့ပရိသတ်တွေလား"

ကားသမားက ငြင်းဆိုလာ၏ ။
“မဟုတ်ဘူး။သူတို့ အထဲကို ဝင်လို့မရဘူး။သူတို့က ကိုယ်တွေ့မျက်မြင်ဓာတ်ပုံရိုက်ချင်လို့ ဒီကိုအပြေးအလွှားရောက်လာတာဆိုပြီး ပြောနေသံတော့ကြားမိတယ်"

လင်းယန်ရန်သည် ယခင်က ပရိသတ်များနှင့် ရောရောနှောနှောနေခဲ့ခြင်းမရှိခဲ့သဖြင့် ပရိသတ်ဆိုင်ရာအသိုင်းအဝိုင်းများ၏ ပရော်ဖက်ရှင်နယ် အသုံးအနှုန်းများကို အမှန်တကယ်ပင် မသိနားမလည်နိုင်ခဲ့ပေ။

လင်းယန်ရန်၏ ပဟေဠိဆန်သောအမူအရာကိုမြင်တော့ ယင်းယင်းက အသံကိုနှိမ့်၍ ရှင်းပြလာသည်။

"ပထမအပိုင်းသုံးပိုင်းကို ပရိုဂရမ်အဖွဲ့က ကြိုပြီးမှတ်တမ်းတင်ထားတဲ့အတွက် အပြင်လူတွေကို ဝင်ခွင့်မပေးခဲ့ဘူး။ဒါပေမယ့် အခု ဒီဇာတ်လမ်းတွဲကနေစပြီး ပရိသတ်တွေရဲ့မဲပေးမှု လိုအပ်လာပြီ။ ပရိုဂျူဆာအဖွဲ့ကလည်း နည်းပြတစ်ယောက်ချင်းစီတိုင်းက  သင်တန်းသူ သင်တန်းသားတွေပါဝင်တဲ့ အသင်းတစ်သင်းစီကို ဦးဆောင်ရမယ်လို့ပြောထားတော့ ကိုယ်စားလှယ်လောင်းဓာတ်ပုံဆရာတွေက အုပ်စုအသီးသီးရဲ့ဓာတ်ပုံတွေကိုအလုအယက်ရိုက်ပြီး သူ့ထက်ငါ ပြန်ပြီး သတင်း တွေထုတ်ပြန်ချင်ကြ‌တယ်။ဖန်မိန်းကလေးတွေအသီးသီးကလည်း သူတို့ကြိုက်နှစ်သက်တဲ့နည်းပြဆရာတွေရဲ့အလုပ်အသွားအပြန် အဝင်အထွက်ပုံတွေကို mention ခေါ်ပြီး ဓာတ်ပုံရိုက်ဖို့‌လာစောင့်နေကြတာလေ"

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက်လူကြိုက်များကျော်ကြားလာခဲ့တယ် BLWhere stories live. Discover now