22

617 118 0
                                    

တခြားသူက ကိုယ့်ကိုသိပေမဲ့ ကိုယ်ကတော့ တခြားသူကို မမှတ်မိဘူး။

ဒါက နည်းနည်းရှက်စရာကောင်းတယ်..

ကာယကံရှင်ကိုယ်တိုင် မေ့ပျောက်ထားတဲ့မှတ်ဉာဏ်အဟောင်းတွေကိုပြန်ရဖို့ဆိုတာ သူ့အနေနဲ့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပေ။

သို့သော် တစ်ဖက်လူ၏မျက်လုံးများတွင် မျှော်လင့်ချက် နှင့် စိတ်အားထက်သန်မှုကိုမြင်လိုက်ရသဖြင့် လင်းယန်ရန် ခေါင်းညိတ်ပြလိုက်သည်။ဤသည်မှာ တစ်ဖက်လူနှင့် စကားစမြည်ပြောဆိုရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။
(သူလေး သိဟန်ဆောင်နေတာ🤭)

"မတွေ့တာကြာပြီ။မင်းလည်း ငါ့လေယာဉ်နဲ့အတူတူပဲလား"

တစ်ဖက်လူက အရမ်းရင်းနှီးနေတော့ သူ့ကိုချက်ချင်းပြန်ဖြေမှဖြစ်မယ်လို့ လင်းယန်ရန် တွေးလိုက်ခြင်းပင်။

မထင်မှတ်ပဲ တစ်ဖက်လူက "မတွေ့ရတာကြာပြီ" ဟူသော စကားကိုကြားပြီးနောက် ခဏတာ စိတ်လွတ်သွားသည်။



ထို့နောက် သူ့မျက်လုံးထဲ၌ ခပ်မှိန်မှိန်ခံစားချက်ကို ဖုံးကွယ်ရန် မျက်လွှာချလျက် ပြုံးကာ ပေါ့ပေါ့ပါးပါးပြောလာသည်။

"ငါလည်း မင်းလိုပဲ.. "အနန္တပြိုင်ပွဲ"မှာပါဖို့ သွားရမှာလေ။ဒါပေမဲ့ ငါတို့တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ နှစ်အတော်ကြာပြီဆိုတော့ ငါထင်ခဲ့တာက..."

"ရှန့်ချန်းချန်း လောင်ရှီး"

ထို့နောက် လင်းယန်ရန်ဘေးတွင် ဘယ်အချိန်ကတည်းကဝင်‌ထိုင်နေမှန်းမသိသော ရှန့်ချန်းချန်းကို တွေ့လိုက်ရသည်။

လင်းယန်ရန်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြောနေသော တစ်ဖက်လူက သူ့နာမည်ခေါ်သံကြားတော့ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ကာ တုန်လှုပ်သွားလေသည်။

သေချာပါသည်...ဒီလူ အသက်ရှည်နေသေးသရွေ့ ဖျော်ဖြေရေးနယ်ပယ်ထဲက တခြားအုပ်စုအ‌ဖွဲ့မှလူတွေက သူ့ကို မှတ်မိနိုင်ပါသေးသည်။

ရှန့်ချင်းချင်း၏စကားကို ယင်းယင်းမှနှောင့်ယှက်လာပြီးနောက် သူက စကားဆက်မပြောတော့ဘဲ ယင်းယင်းကိုသာ ပြုံးပြ၍ ခေါင်းညိတ်ပြလိုက်သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက်လူကြိုက်များကျော်ကြားလာခဲ့တယ် BLWhere stories live. Discover now