Part 18

3.2K 337 12
                                    

Unicode

ဒီဇင်ဘာလ ၂၃ ရက်နေ့၊ မြောင်နန်ခရိုင်တရားရုံးက နောက်ဆုံးအမိန့်ချမှတ်ခဲ့ပြီ။

ဟန်ဒါမီ၊ ဟိုမင်ဂျွန်း ထောင်ဒဏ် ၁၂ နှစ်စီနှင့် လူသတ်သမား ချွဲဟိုယော့က ထောင်ဒဏ် ၁၅ နှစ်။ ကင်မ်ဂျောင်ဟွန်း ထောင်ဒဏ် ၃၀ နှစ် နှင့် ကင်မ်မီညော ထောင်ဒဏ် ၂၇ နှစ် အသီးသီးကျသွားသည်။

ကိစ္စတွေ အားလုံးပြီးဆုံးသွားခဲ့တဲ့အချိန်မှာတော့ KIM Group က Kim Taehyung လက်ထဲသို့ရောက်လာခဲ့ပြီ။ အိမ်ရော ခြံရောကလည်း Kim Taehyung နာမည်ဖြင့် လွှဲပြောင်းခဲ့ပြီးသား။

ကျွန်တော်ကတော့ ရုံးချိန်းတွေမှစ၍ အမိန့်ကျသည်အထိ သူ့ဘေးမှာ ..။

"ဘာကြောင့် ငါ့ကို ကူညီပေးခဲ့တာလဲ ဆိုရာ"

"ငါ့အမေ နင့်အပေါ်ဆိုးဆိုးရွားရွားဆက်ဆံခဲ့တာတွေအတွက် ငါတတ်နိုင်သလောက်လေး ပြန်ကူညီပေးခဲ့တာပါ"

သူနှင့် ဆိုရာက စကားလက်ဆုံမပြောစဖူး ပြောနေလေတော့ ကျွန်တော် ခပ်လှမ်းလှမ်းကို ရှောင်မယ်လုပ်လျှင် သူက မသိသာလက်ကို ဖမ်းဆွဲသည် .. သူ့အနားမှာ ဆက်နေပေးစေချင်တဲ့သဘော။

"New Year ပါတီ အိမ်မှာလုပ်မှာ"

အိမ်နှင့်ခြံကို သူ့နာမည်နဲ့တရားဝင် ရယူခဲ့ပြီးပြီဆိုတော့ ဆိုရာက ဒီအိမ်မှ ထွက်သွားရတော့မည်လေ။

"နင် .. ပါတီမှာ ကဲသွားချင်ရင် ရတယ်နော်"

ဒီလိုကျတော့လည်း ဆိုရာ့ကို သူခေါ်သားပဲ။ ဆိုရာက သူ့ကို ကူညီပေးခဲ့လို့ ဖြစ်မည်။ အပေါ်ယံဝတ်ကျေတမ်းကျေခေါ်နေတာမျိုး မဟုတ်တာတော့ ကျွန်တော် သိသည်။

ဂျစ်ပစီကင်မ်က ဝတ်ကျေတမ်းကျေတွေဆို မုန်းတဲ့သူမို့လို့ ..။

"တော်ပါပြီ .. ငါ Australia မှာပဲ ကဲတော့မယ်"

"ဟုတ်ပြီ .. လိုတာရှိရင် ဖုန်းဆက်လိုက်ပေါ့"

ဆိုရာက အပြုံးဖြင့် ခေါင်းညိတ်ပြတော့ သူပါ ခပ်ရေးရေးလိုက်ပြုံးရင်း ..

"ဆိုရာ"

"အင်း"

"ကျေးဇူးပါပဲ"

The Way Of KIMWhere stories live. Discover now