Part 24

3.4K 401 52
                                    

Unicode

"Sorry Jeon !! ဒီတစ်ခေါက်လဲ မင်းမျှော်နေတဲ့ စာအိတ်လေး မပါလာခဲ့ဘူးကွ"

မျက်မှန်းတန်းမိရုံမက မေးလွန်းလို့ အတော်တန်ရင်းနှီးသွားပြီဖြစ်တဲ့ စာပို့သမားဦးလေးကြီးက အိမ်ရှေ့ကဖြတ်တာနဲ့ လှမ်းအော်ပြောသည်။

ကျွန်တော် စိတ်ထဲ အတော်လေး ဝမ်းနည်းသွားသည်။ တစ်နှစ်တစ်ခေါက် .. January လတိုင်း စာဖြစ်ဖြစ် Email ဖြစ်ဖြစ် Voice message ဖြစ်ဖြစ် ဆက်သွယ်နေကြသူက အရင်နှစ်ကစပြီး မဆက်သွယ်တော့။

ဒီနှစ်လဲ ဆက်သွယ်လို ဆက်သွယ်ညား ကျွန်တော် မျှော်နေခဲ့မိတာ အခုဆို January ကျော်လွန်လို့ May တောင် ရောက်ခဲ့ပြီလေ။

ဘာကြောင့်များလဲ .. ကျွန်တော့်ဘက်က ဘာမှမတုံ့ပြန်တော့ သူ လက်လျှော့သွားတာများလား။

လက်လျှော့သွားလဲ ကောင်းတာပါပဲဆိုပြီး သိစိတ်ကတော့ ချုပ်ထိန်းကာ တွေးလိုက်ပေမယ့် တကယ်တမ်း မသိစိတ်ထဲမှာတော့ စိုးရိမ်ပူပန်ခြင်းတွေ တပုံတပင်။

ဘာလိုလိုနဲ့ ကျောင်းတက်ရက်တွေတောင် ကုန်ဆုံးလို့ နောက်တစ်ပတ်နေရင် ဘွဲ့တောင်ယူရတော့မည်။

LA မှာနေတဲ့ ၅ နှစ်တာအတွင်း တစ်ခါမှ Korea ကို ကျွန်တော် မပြန်ဖြစ်ခဲ့။

မပြန်ဖြစ်ဘူးဆိုတာကလည်း သူ့ကိုသွားတွေ့မိမှာ စိုးတာကြောင့်ဆိုတာ သေချာသည်။

မတွေ့ရတဲ့အချိန်တွေမှာတောင် သူ့စာလေးမြင်ရရုံ သူ့အသံလေး ကြားရရုံနဲ့ ယောက်ယတ်ခတ်နေတာ။

အခုဆို သူနဲ့ လမ်းခွဲခဲ့တာ ၅ နှစ်ကျော်ခဲ့ပြီပေါ့ ..။

အမှန်တိုင်းပြောရရင် ကျွန်တော် သူ့ကို မေ့လို့မရခဲ့။ မေ့လို့မရဘူးဆိုတာထက် မေ့ဖို့မကြိုးစားချင်တာ .. မေ့ပစ်လိုက်ဖို့ ကြောက်နေတာ .. သူ့ကို မှတ်ဥာဏ်ထဲက မထုတ်ရက်န်ိုင်တာဆို ပိုမှန်မလားပဲ။

ကျွန်တော်ဘွဲ့ယူရက် မတိုင်မှီ (၃) ရက်အလိုမှာ
Yoongi နှင့် Jimin က LA ကို အလည်ရောက်လာသည်။

ကျွန်တော်ဘွဲ့ယူရက်နှင့်လည်း တိုက်ဆိုင်နေတာမို့ ကျွန်တော့်အိမ်မှာပဲတည်းကာ ဘွဲ့ယူပြီးမှ အတူတူပြန်ဖို့ စီစဉ်ထားကြသည်။

The Way Of KIMWhere stories live. Discover now