part-15

605 20 4
                                    

Unicode
"မနက်စောစောစီးစီး အကုသိုလ်များလိုက်တာ"

"မင်းဘာသာ ငါ့ကိုအရင်လာစတာ‌လေ"

"ငါကအငယ်လေ ငါစတာနင်ခံသင့်တယ်"

"သွားသေလိုက်!"

မနက်စောစောစီးစီး ဒေါ်ဆုနှင်းဖြိုးရဲ့အိမ်မှာ မောင်နှမ၂ယောက်သောင်းကျန်းနေကြသည်။ထို၂ကောင်ကတော့ မေသူရိန်နဲ့လင်းမြတ်။

၂ကောင်သား ကိုက်နေကြပေမဲ့ ဒေါ်ဆုနှင်းဖြိုးကတော့ အေးအေးဆေးဆေးပဲ အအေးလေးသောက်ရင်းကြည့်နေသည်။

"မာမီ!! ဒီကကောင်မကိုထိန်းဦး"

"အန်တီရေ အန်တီ့သားကသမီးကိုရိုက်တယ်"

နှစ်ယောက်သားအပြိုင်အဆိုင်တိုင်နေကြပေမဲ့ ဒေါ်ဆုနှင်းဖြိုးကတော့ ပြုံးသာပြုံး‌ပြ‌လိုက်သည်။

"မာမီ ဖြေရှင်းပေးလေလို့"

"သားရယ် အခုမှပြန်တွေ့ကြတာ သင့်သင့်မြတ်မြတ်နေကျလေ"

"ဟုတ်တယ်အန်တီ့ သူ့ကိုပြောပြလိုက်"

"သူရိန်လေးကောပဲ ၂ယောက်စလုံးတွေ့တာနဲ့ကိုက်နေကျတာ မပျင်းဘူးလား။အန်တီတော့ထိုင်ကြည့်နေရတာ ‌ပျင်းလာပြီ"

"ရားးးးး"

၂ယောက်သာ ဆက်ရန်ဖြစ်နေတုန်း ခြံ၀န်းထဲကို ကားတစ်စီး၀င်ရောက်လာသည်။

"ဟယ် ဖြိုးလေးပြန်လာပြီပဲ"

ဒေါ်ဆုနှင်းဖြိုးကတော့ ပြာပြာသလဲ ထပြီး သွားကြိုပေမဲ့ လင်းမြတ်ကတော့ စိတ်ပျက်သွားသည်။ မေသူရိန်ကလဲ ဒေါ်ဆုနှင်းဖြိုးနောက်ပြေးလိုက်သွားသည်။

"‌ကောင်းထက်လေးရယ် လွမ်းနေရတာ"

"ဟီး..ဟုတ်ကဲ့အန်တီ"

၂ယောက်စလူံးကားပေါ်ကဆင်းလာပေမဲ့ မေသူရိန်ကတော့ ဖြိုးနားတကပ်ကပ်။ ထက်လွန်းကအန်တီနဲ့အတူအိမ်ထဲ၀င်သွားပြီး ဖြိုးကတော့ အပြင်မှာမျက်စိခြင်း ညီအကိုတိုက်ပွဲဆင်နွှဲနေရှာပြီ။

မေသူရိန်ကတော့ ဖြိုးကို မတွေ့ရတာကြာပြီမလို့လွမ်းနေကြောင်းတွေပြောကာအတင်းကပ်ချွဲနေတော့သည်။

Psycho loveWhere stories live. Discover now